လင်ရှန်းမျက်လုံးများကပြုံးနေပြီးပြတ်သားသော အသံဖြင့် "မတွေ့ရင်..ကျွန်မလဲဒီကနေ ခုန်ဆင်းပြီးမြစ်ကမ်းထိ.. ရေကူးမယ်!"
ပုလဲမြစ်ကအရမ်အကြီးမားသောအကျယ် အဝန်းမရှိသော် လည်း သေးငယ်သည်တော့မဟုတ်ပေ။
လက်ရှိသူတို့ရှိနေတဲ့နေရာကမြစ်ကမ်းနဲ့အနည်းဆုံး ဆယ်ကီလိုမီတာအကွာတွင် ရှိနေသည်။
အဲဒိ့ကိုပြန်ကူးဖို့ကသေလောက်အောင်ကူးရမှာ!
သင်္ဘောက မြစ်လယ်ခေါင်မှာ ရပ်သွားတယ်။
မကြာခင်မှာပဲ သောင်တူးအဖွဲ့ရောက်လာတယ်။
မြစ်၏မျက်နှာပြင်ပေါ်တွင် ကြီးမားသောအလင်းတန်းတစ် ခုထွန်းလင်းတောက်ပပြီး နေ့အလင်းရောင်ကဲ့သို့ တောက် ပ စေသည်။
သောင်တူးအဖွဲ့ကနှစ်ဦးလုံးပစ္စည်းများ ပြုတ်ကျသည့်အနီး စပ်ဆုံးနေရာကိုဦးတည်ကာပစ်မှတ်သတ်မှတ်လိုက်သည်။
ထို့နောက် လူရာပေါင်းများစွာက မြစ်ထဲသို့ခုန်ဆင်းကာ သောင်တူးကြသည်။
အပျော်စီးသင်္ဘောပေါ်ကဧည့်သည်တွေအားလုံးထွက်လာ ကြည့်ပီးကုန်းပတ်ပေါ်မှာ တကယ့် လူလိမ်ကဘယ်သူဖြစ် နိုင်တယ်ဆိုတဲ့အကြောင်း တိုးတိုးလေး ပြောနေကြတယ်။
လင်ရှန်းလိမ်နေတာလို့အားလုံးက သဘောတူကြသည်။
ကမ္ဘာ့ပထမအဆင့်ရှိ စိန် Palpitate ကသူမမှာဘယ်လို ရှိမှာလဲ။
အနုပညာအသိုင်းအဝိုင်းကိုဝင်ဖို့တောင်ဘယ်လိုစပွန်ဆာ အထောက်အပံ့နဲ့ကုပ်ကပ်ဝင်လာလဲဘယ်သူသိမှာလဲ? အကျိုးအမြတ်အတွက်ဘာမဆိုလုပ်တက်တဲ့ဒီလိုလူစားမျိုး က Palpitate ကသူမမိသားစုအမွေပါဆိုတာ..သူမနေ့ ခင်းကြောင်တောင်အိမ်မက်မက်နေတာပဲဖြစ်မယ်။
လင်ရှန်းကရပ်စောင့်ရင်း အနည်းငယ် စိုးရိမ်နေမိသည်။ သူမဘေးမှာဘီးတပ်ကုလားထိုင်နဲ့ကျွင်းရှီရန်ရှိနေသည်။
ကျွင်းရှီရန်ကသူမရဲ့စိုးရိမ်မှုကိုခံစားမိတယ်။
ဘယ်သူမှသတိမထားမိချိန်မှာသူ့လက်တိတ်တဆိတ်သူမ နားရောက်သွားပီးသူမရဲ့လက်သေးသေးလေးကိုထိလိုက်သည်။သူလက်ကကျောက်စိမ်းကဲ့သို့ အေးစက်နေသော ကြောင့်ဒီဘက်ကိုအာရုံမရတဲ့လင်ရှန်းက သူမလက်ကို မသိလိုက်ဘဲနေရာရွှေ့လိုက်သည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...