Chapter 13-U/Z

2.4K 279 2
                                    

unicode

နောက်ပိုင်းသရုပ်ဆောင်တွေကတော့စကားပြောတာကို တောင်သေချာမှန်အောင်မလုပ်နိုင်ဘဲဒီတိုင်းအသံအနု ပညာတစ်ခုမှမရှိဘဲစကားလုံးတွေကသေနေသလိုပဲ။

စွမ်းဆောင်ရည်ရှိတယ်လို့သတ်မှတ်လို့ရတဲ့လော့ရှင်း နဲ့ကုရှန်းတောင်ဒီလိုတိုက်ရိုက်အသံမသွင်းနိုင်ဘူး။သူ တို့အသက်ရှုသံကိုမထိန်းနိုင်ဘဲရှုပ်ထွေးနေတာမို့နောက် မှအသံသွင်းဖို့လုပ်ရမည်။

လင်ရှန်းရဲ့အသံထွက်စကားလုံးတွေနဲ့ဘယ်လိုမှယှဉ်မရ ဘူး။ သူမအသံမှာဇာတ်ရုပ်နဲ့လိုက်ဖက်ပြီးအသံအနုပညာ တစ်ခုပါ၀င်သည်။ သူမရဲ့လေယူလေသိမ်းက တိုက်ရိုက် အသံသွင်းခြင်းအတွက် စံပြဖြစ်ပြီးနောက်မျိုးဆက်သစ် သေချာပေါက် ရှုံးနိမ့်စေလိမ့်မည်။

တောက်ပလွန်းတယ်!

မှော်ဆန်လွန်းတယ်!

၀မ်ရှီအပြင်..လက်ထောက်ဒါရိုက်တာ..ထုတ်လုပ်သူ.. ဇာတ်ညွှန်းဆရာ..ကင်မရာဒါရိုက်တာ..ရိုက်ကူးရေးအဖွဲ့ သားတွေအားလုံးပါစပ်အဟောင်းသားဖြစ်ကြရသည်။

ကုရှန်းကဘေးကကြည့်ရင်းထိုလူတွေတုန့်ပြန်မှုကြောင့် သူ့နှုတ်ခမ်းကပြုံးစိစိဖြစ်သွားသည်။

သူမမတော်တဆဖြစ်ပီးတော့ဒီလောက်သရုပ်ဆာင်တာ ထူးချွန်လာတာလား?ဒါမှမဟုတ်တစ်ယောက်ယောက်က သူမကိုသင်ပေးထားတာလား?

သူမလက်ရှိစွမ်းရည်ကသရုပ်ဆောင်လောကမှာအနည်း ဆုံးလုပ်သက်၄နှစ်၅နှစ်လောက်ရှိပြီးသူနဲ့တူသည်။ဒါက ရက်နဲနဲလောက်နဲ့သင်ပေးလို့ရတဲ့အရာမဟုတ်ဘူး။

သင်တန်းခဏတက်ပီးဒီလောက်ထူးချွန်စွာပြန်လုပ်နိုင် စွမ်းအမှန်တကယ်ရှိရင်သူမကပါရမီရှင်သာဖြစ်လိမ့်မည်။

၀မ်ရှီကဒီနေ့နှစ်ခန်းလောက်ပဲရိုက်ပီးပြသနာမရှာအောင် သူမကိုပြန်ခိုင်းဖို့စဉ်းစားထားခဲ့သည်။

ပထမတစ်ခန်းရိုက်ပီးတာနဲ့ဝမ်ရှီကမနေနိုင်စွာ လက်ထောက်ဒါရိုက်တာလုတန်နဲ့ဆွေးနွေးခဲ့သည်။

"ဟော်ချီကသူမကိုလှို့ဝှက်သင်တန်းပေးခဲ့တာလား?"

လုတန်ကအံ့သြတဲ့မျက်နှာနဲ့ခေါင်းယမ်းရင်း..

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now