သူမကအရင်ကအကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကို သူမကလွဲရင်ဘယ်သူမှမရဘူးသလိုလုပ်နေတာ.. ကြည့်လို့တောင်မကောင်းဘူး။
တုချင်းချင်းကအနုပညာအသိုင်းအဝိုင်းမှာငါးနှစ်ရှိပြီ။ဒါကို အခုမှအကောင်းဆုံးသရုပ်ဆောင်ဆုတစ်ခါရဘူးတယ်။
လင်ရှန်းကကြွားတာမဟုတ်ဘူး..သူမရဲ့အရင်ဘဝတုန်းက သရုပ်ဆောင်ပညာကိုဘုရားပေးတဲ့ကောင်းချီလိုပါရမီပါခဲ့ သူဖြစ်ပြီး သူမပွဲဦးစထွက်တဲ့ကားထဲကအကောင်းဆုံး မင်း သမီးဆုကိုရခဲ့တာ။
လင်ရှန်းကသူမလက်ထောက်ကျိုးကျဲ့နဲ့ရီလေးကိုနို့လက် ဖက်ရည်တွေဝယ်ခိုင်းပြီးကုမ္ပဏီကဝန်ထမ်းတွေကိုဝေငှ စေခဲ့သည်။သူမကိုယ်သူမဒီကုမ္ပဏီကလူတွေနဲ့ရင်းနှီစေ ဖို့ကြိုးစားလိုက်တာဖြစ်သည်။
သတင်းက လူတစ်ဆယ်ကနေ လူတစ်ရာအထိ ပျံ့နှံ့သွား တယ်။ မကြာခင်မှာပဲ ကုမ္ပဏီတစ်ခုလုံးက ဒီကိစ္စကို သိသွားတယ်။
အစ်မမန်ရဲ့အနုပညာရှင်သစ်လင်ရှန်းကဒီနေ့သူတို့ရဲ့ ကုမ္ပဏီကို လာတယ်။ သူမသည် လိမ္မာပါးနပ်သူ၊ လှပသူ၊ နူးညံ့သိမ်မွေ့ပြီး လာဘ်မြင်သူဖြစ်ကာ..သူမကမုန့်တွေ.. လက်ဖက်ရည်၊ကော်ဖီတွေကိုဝယ်ခဲ့ပြီးကိုယ်တိုင်အားလုံး ကိုဝေငှပေးခဲ့တယ်။
ကုမ္ပဏီ chat နှင့် ဝန်ထမ်းများဖွဲ့စည်းထားသော group chat သေးသေးလေးများမှာသူမအကြောင်း ကျယ်လောင် စွာဆွေးနွေးနေကြသည်။
[သူမက အရမ်းလှပြီး မျက်လုံးလေးတွေကတောက်ပနေ တာပဲ..နောက်ပီးသဘောကောင်းပြီးဖော်ရွေတယ်..အနာ ဂတ်မှာ ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။]
[ကျွန်တော်လည်း သူမကို မြင်ဖူးတယ်။ သူမက နတ်သမီး လေးလိုပဲ။ အခုသူမရဲ့ fan ဖြစ်နေတယ်လို့ ခံစားရတယ်။ တကယ်ကို အံ့သြစရာပဲ!]
[ဟုတ်တယ်..အနုပညာရှင်တွေကတစ်ယောက်ထက်တစ်ယောက်ပိုပိုဆိုးတာပဲကြုံဘူးတယ်။သူတို့လူရှေ့သူရှေ့မှာ အမြဲမျက်နှာပန်းလှနေဖို့နောက်ဝန်ထမ်းတွေကနွားလို ဘယ်လောက်ရုန်းကန်နေရလဲဆိုတာကိုဘယ်သူကစာနာ ပေးဘူးလို့လဲ?]

YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Ficción GeneralBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...