Chapter 62 - U/Z

1.8K 231 1
                                    

လင်ရှန်းကအပြစ်ကင်းစင်စွာပြုံးနေရင်းမျက်ဝန်းတွေက လင်းလက်တောက်ပနေသည်။

လင်ရှောင်းချီကတိတ်ဆိတ်နေ၏..သူကနှုတ်ခမ်းစေ့ကာ ခေါင်းငုံ့ထားရင်းမကြာခဏသူ့အဖိုးကိုပြန်ကြည့်လိုက် ရင်းသူ့အမေလက်ကိုမာမီတင်းတင်းဆုပ်ကာမသိအောင် ခိုးပြုံးလိုက်သည်။

ဟော်ချီကသုံးချက်လောက်ရိုက်ခံရပြီးနောက်မျက်နှာနီနီ နဲ့ပြန်အော်လိုက်သည်.."အမေ..သားကဒီလောက်ကြီးနေ ပြီကို..သားမျက်နှာလဲနဲနဲထောက်ပါအုန်လား?"

"နင်ရှက်တက်ရင်..ဘာတွေဖြစ်ခဲ့တာလဲကောင်းကောင်း ပြောပြပါလား..."

စုရှီရန်ကရိုက်တာကိုရပ်လိုက်ပြီး..

"နင်ကလေးမဟုတ်ဘူးဆိုတာနင်သိတယ်မဟုတ်လား.. ကြည့်..အခုဘာတွေဖြစ်လာတာလဲဆိုတာ.."

ဟော်ချီကမပျော်ရွှင်စွာရေရွတ်လိုက်သည်။

"အဲဒါဘယ်မှာသားအပြစ်ရှိလို့လဲ?"

"နင်..." စုရှီရန်ကကြက်မွှေးနဲ့ထပ်ရွယ်လိုက်ပြီး.."ဘယ် လောက်နင်ကတော်နေလို့ပြန်ပြောနေတာလဲ!"

ဟော်ချီကအမြန်ပြန်ပြီးအမှားပြင်လိုက်သည်.."မလုပ်ရဲပါ ဘူး..မလုပ်တော့ပါဘူး..."

လင်ရှန်းကရှောင်းချီကိုဖက်ထားရင်းထိုမြင်ကွင်းကိုကြည့် နေပေမယ့်မရယ်ရဲစွာနှုတ်ခမ်းကိုတင်းတင်းစေ့ထားရ၏

အိုး..ဟဟ..တကယ့်ကိုရယ်ရတယ်..ဟော်ချီအကင်ခံနေရ ပြီ..။

လင်ရှောင်းချီမျက်နှာမှာသနားနေတာကိုမြင်နိုင်တယ်။ အဖိုးကအသက်ဒီလောက်ကြီးနေပြီကိုအရိုက်ခံနေရတာ သနားပါတယ်။

သူအဖိုးကိုကူညီရမယ်။

ဟော်ချီပြန်ထိုင်တော့ကျောပြင်တွေနာနေသည်။

သူ့အမေကတကယ့်ကိုသနားစိတ်မရှိဘူး..သူ့ကိုအရမ်း ရိုက်တာပဲ။

စုရှီရန်ကသူကြက်မွှေးကိုထပ်ဖွက်လိုက်မှာစိုးရိမ်စွာကြက် မွှေးကိုသူမလက်ထဲကမချဘဲကိုင်ထားပြီါ်.."သေချာပြော မဟုတ်ရင်နင့်အဖေမေးတာခံရရင်နင်ဒိ့ထက်ပိုဆိုးတာကို ခံစားရလိမ့်မယ်"

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now