အပိုင်း_202_နောက်ဆုံးသောလက်သီးချက်
ပြိုင်ပွဲကွင်းပြင်နဲ့နီးကပ်တဲ့ သိုင်းပညာရှင်ရဲ့ မျက်နှာက ရှုံ့မဲ့နေလို့ပါ... သူက အသံတိုးတိုးနဲ့ပြောလိုက်တယ်။
"မဟုတ်ဘူး... ငါ့ကိုယ်ငါထိန်းချုပ်လို့မရတော့ဘူး""ရွှီ"
မကြာခင်မှာပဲ ဓါးအသွင်သိုင်းဝိညာဉ်က သူ့ငယ်ထိပ်က ပေါ်လာခဲ့ပြီး သန်မာတဲ့အော်ရာတွေကို ထုတ်ဖော်လိုက်ပါပြီ။"အား! ကျုပ်ရဲ့သိုင်းဝိညာဉ်ကို လုံးဝထိန်းချုပ်မရတော့ဘူး"
ဆယ်ယောက်အထက်လူတွေရဲ့ ဓါးအသွင်သိုင်းဝိညာဉ်တွေဟာ သူတို့ရဲ့ခေါင်းပေါ်လေထဲမှာ ပျံဝဲနေခဲ့ကြပြီလေ။ရာနဲ့ချီတဲ့ဓါးအသွင်းသိုင်းဝိညာဉ်တွေဟာ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ကြကာ သန်မာတဲ့အော်ရာတွေ စွမ်းအင်လှိုင်းတွေကလည်း ရစ်ဝဲနေလို့ပါ။
ချူးယွန်ရဲ့ ဓါးစိတ်ဆန္ဒအောက်မှာ ဓါးအသွင်သိုင်းဝိညာဉ်ပိုင်ရှင်တွေဟာ သူတို့ရဲ့သိုင်းဝိညာဉ်တွေကို ဘယ်လိုမှမထိန်းချုပ်နိုင်ကြပဲ လွှတ်ပေးလိုက်ကြရပါတယ်။
ရာနဲ့ချီတဲ့ အမျိုးမျိုးသောရောင်စုံဓါးတွေဟာ ချူးယွန်ရှိရာကိုညွှန်ပြနေခဲ့ကြတယ်လေ။
ဓါးစိတ်ဆန္ဒက လေထဲမှာပြည့်နှက်လာခဲ့ပြီး ရာနဲ့ချီတဲ့ဓါးတွေဟာ လေးကိုင်းကြီးအလား...
ဒါက တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှတယ်..."ဒါက ဓါးစိတ်ဆန္ဒပဲ!"
အကြီးအကဲအိုကြီး ပြူးကျယ်နေတဲ့မျက်လုံးနဲ့ကြည့်ပြီးပြောလိုက်တယ်။"ဓါးသမား!"
နောက်ဆုံးမှာ ဂိုဏ်းချုပ်တစ်ယောက်က အော်ဟစ်လိုက်ပါတယ်။ဘုရားရေ... ချူးယွန်က တကယ်ကို ဓါးသမားလား!
ထောင်နဲ့ချီတဲ့ ပရိတ်သတ်တွေဟာ တစ်ချိန်ထဲမှာပဲ အံ့အားသင့်နေခဲ့ကြပါပြီ။
ချူးယွန်က အသက်ဘယ်လောက်ရှိသေးလို့လဲ? အခုမှ နှစ်ဆယ်တောင်မပြည့်သေးဘူး! ဒီအသက်အရွယ်လေးနဲ့ ကီပြောင်းလဲခြင်းနယ်ပယ်အဆင့်တစ်ဆယ်ကိုရောက်နေတာကပဲ ပါရမီရှင်လို့ခေါ်လို့ရနေပြီ...
DU LIEST GERADE
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...