အပိုင်း_220_ခင်ဗျားကျုပ်ကို_ပြန်စေချင်တာလား? ကျုပ်ကိုဆုံးရှုံးစေချင်တာလား?

432 44 0
                                    

အပိုင်း_220_ခင်ဗျားကျုပ်ကို_ပြန်စေချင်တာလား?   
ကျုပ်ကိုဆုံးရှုံးစေချင်တာလား?

အတွေးပုံရိပ်ဂိုဏ်း ဝန်းကျင်မှာ တောင်တန်းများ မြစ်များရှိနေပြီး အလွန်ကိုလှပပါတယ်။

တောင်တန်းရှေ့တံခါးဝမှာတော့ အတွေးပုံရိပ်ဂိုဏ်းရဲ့ တပည့်အများအပြားက သွားလာလှုပ်ရှားနေကြလို့ပါ။ အချို့က မြင်းများနဲ့သွားနေကြပြီး အချို့ကတော့ပျံသန်းရေးနတ်ဆိုးသားရဲတွေနဲ့... အချို့ကတော့ ခြေကျင်လျှောက်လှမ်းနေခဲ့ကြပါတယ်။ဒါက အလွန်သက်ဝင်လှုပ်ရှားမှုရှ်ိတဲ့မြင်ကွင်းပါ။တပည့်အရေတွက်သက်သက်နဲ့တင် အတွေးပုံရိပ်ဂိုဏ်းက တီအန်တာအိုဂိုဏ်းထက်ပိုသာနေခဲ့ပါပြီ!

"ကောင်လေး... မင်းကလူသစ်လေးလား"
ချူးယွန် တံခါးဝနားကိုမရောက်ခင်မှာပဲ တပည့်အချို့ရဲ့တားဆီးခြင်းကို ခံလိုက်ရပြီလေ။

"ကိုယ်ပိုင်သားရဲရှိနေတဲ့သူ့ကိုကြည့်ရတာ သာမန်နောက်ခံရှိသူတော့ဟုပ်ပုံမရဘူး"

"ငွေလေးအနည်းငယ်နဲ့ သားရဲတစ်ကောင်ဘေးခေါ်ထားပြီး ဟန်ထုတ်ချင်နေတယ်"

"သူက အာရုံစိုက်ခံရအောင် လုပ်နေတာပဲ"

တပည့်အချို့က ချူးယွန်ကို မဖော်ရွေတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့ကြတယ်။

ချူးယွန်ကလည်း နဲနဲမှ ဂရုမစိုက်ဘူး...
"ကျုပ်က အခုမှရောက်လာတဲ့ တပည့်သစ်ပါ... ဂိုဏ်းကို သတင်းပို့ဖို့ကျုပ်သွားရမယ်"

"တပည့်သစ်လား? ခင်ဗျားလုပ်လို့မရဘူး! ခင်ဗျားက ဒီကို လဝက်လောက်ကြာမှရောက်လာပြီးသတင်းပို့ရအောင် ဂိုဏ်းက ခင်ဗျားရဲ့အိမ်လို့ထင်နေတာလား?"
တပည့်တွေကို ဦးဆောင်လာသူ အရပ်ရှည်ရှည်အကောင်ကြီးကြီးနဲ့တပည့်က ပြောလိုက်ပြိး လက်ပိုက်ထားကာ အခြားသူတွေကို ဖိနှ်ိမ်နိုင်စွမ်းရှိတဲ့ ခံစားချက်ကို ရရှိစေတယ်။

ထိုတပည့်ပြောပြီးတဲ့အခါ လေထုက အနည်းငယ်ထူးဆန်းလာတယ်။ရည်ချက်ရှိတယ်မရှိဘူး မသိရပေမယ့် ထိုတပည့်အုပ်စုက ချူးယွန်ကို တဖြည်းဖြည်းဝိုင်းပတ်လာခဲ့ကြတယ်လေ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Nơi câu chuyện tồn tại. Hãy khám phá bây giờ