အပိုင်း_356_အရမ်းနှေးတယ်
ဒါကိုကြားတော့ ချူးယွန် မျက်ခုံးပင့်တင်လိုက်ပြီလေ။တန်းတုံအတွက် တစ်ယောက်ယောက်လာလိမ့်မယ်ဆိုတာ သူမျှော်လင့်ထားပြီးသားပါ... ဒါပေမယ့် ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် သူကြောက်စရာတော့မလိုပါဘူး... မနက်ဖြန်ပြိုင်ပွဲအတွက် အကြိုလေ့ကျင့်သလို ဖြစ်သွားတာပေါ့...
"ယွန်အာ... ဘာဖြစ်တာလဲ?"
ချူးတိုင်ကွန် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ဒီနေရာက အခြားနေရာမဟုပ်ဘူးလေ... တန်းမင်းဆက်ပါ... ဒီလိုနေရာမှာ ပြဿနာရှာရဲသူက
သာမန်လူတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ!သူတို့က အခုမှရောက်လာတာဆိုပေမယ့် ပြဿနာရှာမယ့်လူက အဆင့်သင်ဖြစ်နေပြီ။ကြည့်ရတာ
တန်းမင်းဆက်က ရိုးရှင်းပုံမရပါဘူး...အခြားကလန်သားတွေလည်း စိုးရိမ်သွားကြပြီလေ။ဘယ်သူက သူတို့သခင်လေးကို မပျော်ရွှင်အောင်
လုပ်ရဲတာလဲ?အဆိုးဆုံးကတော့ ရေခဲဖြူပါ... သူက ရွှေပလ္လင်တောင်တန်းက လူတစ်ယောက်ပါ... ဒါပေမယ့် သူ့ရဲ့ မျိုးရိုးနံမယ်ကြောင့် ဝင်ခွင့်မရခဲ့ပါဘူး...
အခုမှ ခက်ခဲစွာဝင်ရောက်လာနိုင်ခဲ့ပေမယ့် ဒီလိုအဖြစ်ပျက်တွေနဲ့ လာတွေ့နေရတယ်... သူ့ရဲ့လက်ဖဝါးတွေက ချွေးတွေနဲ့စိုစွတ်နေခဲ့ပြီလေ။
"ဟားဟားဟား... မစိုးရိမ်ပါနဲ့... ငါ့ကိုသဘောမကျတဲ့လူအချို့က ပြဿနာရှာဖို့လာတာပါ"
ချူးယွန် ပေါ့ပေါ့ပါးပါးနဲ့ နှစ်သိမ့်လိုက်တယ်။
"အဖေ...ခင်ဗျားနဲ့ အဒေါ်ရန်တို့ ဒီမှာနေခဲ့ချင်နေခဲ့လေ... အပြင်က အသေးအဖွဲကိစ္စလေးတွေကို ကျွန်တော့ဘာသာ ဖြေရှင်းလိုက်ပါမယ်"ပြီးနောက် ချူးယွန် ဝမ်ချန်းရင်ကို ခေါ်လိုက်တယ်။
"လာ... ငါနဲ့လိုက်ခဲ့ဦး"ဝမ်ချန်းရင်နှုတ်ခမ်းတွေက တွန့်ကွေးသွားကာ
"ဘာလဲ... မင်းမှောက်သွားရင် ဆွဲထုတ်မယ့်လူမရှိမှာဆိုးလို့လား?""မဟုပ်တာ ... ပွဲကြည့်ပရိသတ်မရှိရင် ပျင်းစရာကောင်းနေမှာပေါ့ဟ"
ချူးယွန် သူ့ပုခုံးကို တစ်ချက်ထိုးလိုက်တယ်။
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...