အပိုင်း_247_ရှေးဟောင်းတိုတမ်ကော်လံ(မိစ္ဆာယဇ်တိုင်)
ဒိအချိန်မှာတော့ နတ်ဆိုးက အတော်ကိုဒေါသထွက်နေခဲ့ပါပြီ။သူက ထိုပုရွက်ဆိတ်လိုလူလေးသုံးယောက်ကို အလွယ်တကူ သတ်နိုင်မယ်တွေးထားပေမယ့် မမျှော်လင့်ပဲ သူ့ကို တန်ပြန်တိုက်ခိုက်မှုတွေပါ လုပ်လာကြလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
ပိုဆိုးတာက ထိုလူတွေက ထွက်ပြေးနိုင်ဖို့ကြိုးစားနေကြခြင်းပါ!
"မင်းတို့သာ ငါ့လက်ကလွတ်သွားရင် ငါ့အနေနဲ့ အကြီးအကျယ်အရှက်ရစရာဖြစ်သွားမှာပေါ့"
နတ်ဆိုးရဲ့မျက်လုံးတွေက နီရဲနေခဲ့ပြီလေ။သူ့ရဲ့ခံ့ညားထည်ဝါပြီး သန်မာတဲ့ခန္ဓာကိုယ်က ဝုန်းခနဲပေါက်ကွဲသံနဲ့အတူ ကောင်းကင်ပေါ်ထိုးတက်သွားခဲ့ပါပြီ။အလွန်ကြီးမားတဲ့ခွန်အားကြီးကြောင့် တောင်ထိပ်က ကွဲအက်ကာ ပြိုကျသွားခဲ့ပါတယ်။
သူက သေနတ်နဲ့ပစ်လိုက်တဲ့အလား... အလွန်ကိုမြန်ဆန်သလို ကြီးမားတဲ့စွမ်းအင်တွေလဲ ပါဝင်နေခဲ့တယ်လေ။
"မြန်လိုက်တာ!"
ကျန်းရီချူးမျက်လုံးသူငယ်အိမ်တွေ ကျဉ်းမြောင်းသွားကာ အံကြိတ်ပြီး ပြောလိုက်တယ်။
"ဂျူနီယာညီမငယ်တို့... နင်တို့လွတ်အောင်ပြေးကြတော့၊ ငါသူ့ကိုအတတ်နိုင်ဆုံး တားဆီးထားမယ်!"ယန်ရှောင် ပထမတော့အံ့ဩသွားပေမယ့် ချက်ချင်းခေါင်းကိုခါယမ်းလိုက်တယ်။
"စိနိယာအကိုကျန်း... ရှင်တစ်ယောက်ထဲ ဒီမှာနေခဲ့လို့မရဘူး... ရှင်အသတ်ခံရလိမ့်မယ်!"ကျီအန်းယွင်ကလည်း တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။
"ဟုတ်တယ်... စီနီယာအကိုကျန်းက ကိုယ်ကျိုးမငဲ့ပဲ ဒီမှာတိုက်ခိုက်နေခဲ့ရင်တောင် နတ်ဆိုးရဲ့အမြန်နှုန်းနဲ့က လွတ်မြောက်ဖို့မလွယ်ဘူး။ဒါကြောင့်မို့ ထွက်ပြေးဖို့ကြိုးစားမယ့်အစား သေတဲ့အထိ တိုက်ခိုက်သွားကြမယ်!"ကျန်းရီချူး လက်သီးတင်းတင်းဆုပ်လိုက်သလို ပင်ပန်းမှုကြောင့် နဖူးပေါ်ကနေချွေးတွေကလည်း စီးကျနေလို့ပါ။အစောပိုင်းတိုက်ပွဲပြီးနောက် သူယုံကြည်မှုမရှိတော့ပါဘူး။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...