အပိုင်း_264_အဖွဲ့ဝင်
အင်မော်တယ်ဓါးဗိုလ်ချူပ်ရဲ့စကားကိုကြားပြီးနောက် မာရှယ်နီရဲ့နှုတ်ခမ်းတွေက ဂုဏ်ယူစွာနဲ့တွန့်ကွေးသွားကြတယ်။
"အဲဒီကောင်စုတ်လေးနှစ်ကောင်ရှိနေတာငါသိပါတယ်၊ အဲတာကြောင့်ပဲလီရင်နဲ့ ငါစကားပိုပြောခဲ့တာ၊မဟုတ်ရင် သူက ဘယ်လိုအရည်ချင်းကြောင့် ငါနဲ့ဒီလောက်စကားပြောခွင့်ရှိမှာလဲ?""ဒီငယ်သားက ထုံအပြီး မာရှယ်ပြောတဲ့အဓိပ္ပာယ်ကို နားမလည်နိုင်ဘူး"
အင်မော်တယ်ဓါးဗိုလ်ချူပ်က မာရှယ်ရဲ့သစ္စာအရှ်ိဆုံးလက်အောက်ခံပါ... မာရှယ်နီက ဘုရင်ကိုပုန်ကန်ချင်နေတာသူသိပေမယ့် မတွန့်ဆုတ်ခဲ့ပါဘူး။"ငါ့ရဲ့ရည်မှန်းချက်က မှော်ချိန်းကြိုးပဲ... အပျက်ဆီးနယ်မြေကတော့ ငါချေမှုန်းပစ်ရလိမ့်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီနယ်မြေအတွက် နောက်ဆုံးရလဒ်က အတူတူဖြစ်နေမှာပဲ... ဘာကြောင့် နတ်ဆိုးတွေနဲ့ အကျိုးတူပူးပေါင်းရမှာလဲ?"
မာရှယ်နီ ကောင်းကင်ကိုမော့ကြည့်ပြီး ပြောလိုက်တယ်။
"ဒီလူရိုင်းတွေအတွက်တော့ ဒီအစီစဉ်က တစ်ကယ်ထိရောက်တယ်... ဒါပေမယ့် ငါက သူတို့နဲ့အလုပ်တွဲလုပ်မှာမဟုတ်ဘူး၊ ငါရွံ့တယ်... ကမ္ဘာတစ်ခုလုံးကိုအုပ်စိုးမယ့်သူအတွက် စစ်သားလေးနည်းနည်းလောက် ပိုသေဆုံးရတာက ဘာဖြစ်မှာလဲ၊ ဒါကိုဂရုစိုက်နေရမှာလား?"အင်မော်တယ်ဓါးဗိုလ်ချူပ် ခေါင်းညိမ့်ပြလိုက်ပါတယ်။
"ဟိုလူရိုင်းနှစ်ယောက်ကိုဆက်ပြီးစောင့်ကြည့်ခွင့်ပေးပြီး သူတို့တွေသိသွားရင် ဘာလုပ်ကြမယ်ထင်လဲ? သူတို့က ကူဟုန်ကိုအဖြစ်ပျက်တွေပြန်ပြောပြမှာပဲ၊ ဒီအခါကျရင် အပျက်ဆီးနယ်မြေအတွင်းပိုင်းမှာ ပရမ်းပတာတွေဖြစ်လာကြလိမ့်မယ်။ငါ့ရဲ့နောက်ဆုံးပန်းတိုင်ကိုရောက်ဖို့ ဒီလိုမိစ္ဆာတွေနဲ့ အလုပ်တွဲလုပ်နေစရာမလိုဘူး"
မာရှယ်နီက သူ့အကြည့်ကိုအဝေးရွှေ့ပြီး ပြောလိုက်တယ်။
"အင်မော်တယ်ဓါး၊ မင်းမှာ သင်ယူစရာတွေအများကြီးရှိသေးတယ်""ဟုတ်ကဲ့ပါမာရှယ်"
အင်မော်တယ်ဓါးဗိုလ်ချူပ် အခြေနေအရပ်ရပ်ကိုစဉ်းစားကြည့်ပြီးနောက် မလေးစားပဲ မနေနိုင်တော့ပါဘူး။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...