အပိုင်း_282_နတ်ဘုရားစွမ်းရည်နယ်ပယ်ကိုသန့်စင်ခြင်း
ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးထဲမှာ အတွင်းနေရာလပ်တစ်ခုရှိပါတယ်။ပုံမှန်အားဖြင့် ဝိညာဉ်အဖြစ်ပြောင်းလဲသွားတဲ့အရာတွေကို ထည့်သိမ်းထားနိုင်တယ်လေ။
ချူးယွန်က ဆေးလုံးအဖြစ်သန့်စင်ချင်နေတာမြင်တော့ မဟာပညာရှိ ချက်ချင်းအပြင်ထွက်ပြီး ဘေးမှာရပ်ကာ ကြည့်နေလိုက်တယ်။
ရှောင်ဂန်းကို ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးထဲပစ်ထည့်လိုက်တော့ ဘေးပတ်လည်ရှိ အနက်ရောင်မြူတွေက ပိုသိပ်သည်းလာခဲ့ပါပြီ။ဒယ်စောက်အိုးအပူချိန်က တဖြည်းဖြည်းနဲ့အမြင့်ဆုံးကိုရောက်လာပြီးနောက် ရှောင်ဂန်းကိုရစ်ပတ်ကာသူ့ရဲ့ဝိညာဉ်စွမ်းအင်တွေကို သန့်စင်နေလိုက်ပြီလေ။
"အား!-
ရှောင်ဂန်းရဲ့ နာကျင်စွာအော်ဟစ်လိုက်သံထွက်ပေါ်လာခဲ့ပါပြီ။ဒါပေမယ့် စက္ကန့်အနည်းငယ်အကြာမှာတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ချူးယွန် လက်နှစ်ဖက်နောက်ပစ်ရင်း မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေလို့ပါ။
ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးက ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်တစ်ခုမဟုတ်လား... ဒါကြောင့် သူ့ရဲ့အကျိုးသက်ရောက်မှုတွေက မဆိုးပါဘူး။ ဒါပေမယ့်လည်း ရှောင်ဂန်းကိုသန့်စင်လိုက်ရင် ဘယ်လိုဆေးမျိုးတွေထွက်လာမယ်ဆိုတာ သူမသိသေးဘူးလေ။
နှလုံးသားမဲ့သခင်ကတော့ အပြောင်းအလဲမရှိတဲ့မျက်နှာနဲ့ရပ်နေလို့ပါ။သူက ဗုဒ္ဓဝါဒသမားမို့ ဒါကိုမြင်တော့ သူ့စိတ်ထဲမှာ အလိုလိုမသက်မသာခံစားလိုက်ရပါတယ်။
ဘာကြောင့်လဲဆိုတော့ အိုးကနေထွက်ပေါ်နေတဲ့ တရားသံတွေက ချုပ်နှောင်ထားခံရတဲ့ ဗုဒ္ဓဝါဒဘုန်းကြီးတွေရဲ့ဝိညာဉ်တွေဆီကထွက်ပေါ်နေတာ ကြောင့်ပါ။အနက်ရောင်မြူခိုးတွေကတော့ သူတို့ရဲ့ဝိညာဉ်တွေကိုညှဉ်းပန်းနေတဲ့ အရင်းမြစ်ပါပဲ...
ချူးယွန် ခနတိတ်ဆိတ်နေပြီးနောက် နှလုံးသားမဲ့သခင်ကိုလှည့်ကြည့်ပြီးမေးလိုက်တယ်။
"ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးက ရက်စက်ပြီးနတ်ဆိုးဆန်တယ်လို့ မင်းထင်လား?"
ŞİMDİ OKUDUĞUN
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Aksiyonအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...