အပိုင်း_358_စစ်ပွဲကျင့်ကြံခြင်းခန်းမ

420 30 0
                                    

အပိုင်း_358_စစ်ပွဲကျင့်ကြံခြင်းခန်းမ

"တစ်ကယ်လို့ တန်းကဒီလိုဆိုရင် အခြားကလန်သုံးခုကလည်း ဒိီလိုပဲလား... တန်းသခင်လေးတွေက သိပ်လည်းဟုပ်ပုံမရပါဘူး... ဒါပေမယ့် တန်းကလန်မှာမွေးဖွားလာရုံနဲ့ မြင့်မြတ်သူတစ်ယောက်လို ဘယ်လိုခံစားရနိုင်တာလဲ?"
ချူးယွန် ဘယ်လိုပဲ စဉ်းစားနေပါစေ နားမလည်နိုင်ခဲ့ပါဘူး။

သူတို့က ငတုံးတွေလား... ဒါမှမဟုပ် သူတို့ရဲ့အတွေးတွေက ရိုးရှင်းလွန်းနေတာလား?

"ဒါက သာမန်ပဲမဟုပ်ဘူးလား? မင်းက သာမန်မြို့လေးတစ်မြို့က လာခဲ့သူဖြစ်ပြီး မင်းရဲ့သိုင်းဝိညာဉ်ကလည်း နိမ့်ကျတယ်လေ... နောက် မင်းပထမဆုံးဝင်တဲ့ဂိုဏ်းကလည်း အဆင့်နိမ့်ဂိုဏ်းလေ... နှစ်အနည်းငယ်ကြာမှ မင်းက အောင်မြင်မှုရလာတာမဟုပ်လား... ဒါပေမယ့် သူတို့ကတော့ မွေးလာကထဲက ကောင်းကင်အဆင့်သိုင်းဝိညာဉ်ကို နိုးထနိုင်ကြတယ်လေ!"

ဝမ်ချန်းရင်နှုတ်ခမ်းက တွန့်ကွေးသွားတယ်။အရိပ်တောင်တန်းလို နေရာက လာသူတစ်ယောက်အနေနဲ့ သူက အခြေနေကိုကောင်းစွာနားလည်ပါတယ်...

"ဒါပေမယ့် ငါက သန့်စင်ခြင်းလမ်းကိုးစေတီသခင်ဖြစ်နေပြီလေ... ငါ့ကိုပုရွက်ဆိတ်လို့ ဘာလို့ ခေါ်ကြတာလဲ?"
ချူးယွန် ဒီစကားလုံးကြောင့် ဒေါသမထွက်ပေမယ့် သူက စပ်စုချင်မိတာပါ။

သန့်စင်ခြင်းလမ်းကိုးပါးစေတီကို သူတို့မမြင်ဖူးရင်တောင် ကြားဖူးသင့်တယ်‌လေ။

ဘာကြောင့်လည်းဆိုတော့ သူတို့အသက်ရှင်သန်ခဲ့တာ ကြာပြီမို့လား?

"ဒါက ရှင်းပါတယ်... မင်းက နိုင်ငံငယ်လေးက လာခဲ့တာ... မင်းရဲ့နောက်ခံက မကောင်းသလို မင်းရဲ့ပါရမီကလည်း မကောင်းဘူး... သူတို့ရဲ့အမြင်မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ... နောက်ဆုံးမှာတော့ မင်းက ကံကောင်းပြီး သန့်စင်ခြင်းလမ်းကိုးပါးစေတီသခင်ဖြစ်လာခဲ့ပြီး မင်းက သူတို့နဲ့အဆင့်တူလိုဖြစ်သွားပေမယ့် သူတို့ကတော့ ဒီလိုမြင်မှာမဟုပ်ဘူး"
ဝမ်ချန်းရင် သူ့လက်ဝါးကိုဆန့်လိုက်ပါတယ်... နောက်ဆုံးမှာတော့ သူဘာကိုဆိုလိုတယ်ဆိုတာ ချူးယွန် နားလည်သွားခဲ့ပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now