အပိုင်း 317 ကမ္ဘာမြေအဆင့်တစ်...ရေခဲလေပြင်းဓါး

419 36 0
                                    

အပိုင်း 317 ကမ္ဘာမြေအဆင့်တစ်...ရေခဲလေပြင်းဓါး

ကျိဝူမင်ရဲ့စကားကိုကြားတော့ လူရှမ်ချင်းရဲ့ သုန်မှုနေတဲ့မျက်နှာပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့အမူရာတွေ ပေါ်လာခဲ့ပါပြီ။

ကျိဝူမင်... မင်းရဲ့ အတွေးပုံရိပ်ဂိုဏ်းက အန္တရာယ်ရှိနေပြီဆိုတာ မသိဘူးလား?

မင်းက ဒါကို ဒီလိုပြောဝံ့တယ်လား!

"ဂိုဏ်းချူပ်ကျိ... မင်းက ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တော့ပဲနဲ့ ဒီမှာ လာရပ်နေရဲသေးတာလား?"
လူရှမ်ချင်းက ဘာမှမပြောသေးခင် အသံတစ်ချက် ထွက်ပေါ်လာခဲ့ပါပြီ။

အာတီရှိုန်ဂိုဏ်းချူပ်က အေးစက်စက်နဲ့ပြုံးပြီး ကျိဝူမင်ကို ကြည့်လိုက်ပါတယ်။

ပြိုင်ဘက်ဟောင်းရဲ့ စကားကိုကြားပေမယ့် ကျိဝူမင်က ဂရုမစိုက်အားပါဘူး။သူက ယုံကြည်မှုရှိအောင် အားပေးနေတဲ့အလား စီတုပင်ဟဲကိုပဲ ကြည့်နေလို့ပါ။

အဓိပ္ပာယ်ကတော့ ရှင်းပါတယ်... တိုက်ပွဲအပြင်က ကိစ္စတွေကို ဘာမှစိုးရိမ်စရာမလိုဘူး... မင်းရဲ့ပြိုင်ဘက်ကိုသာ အစွမ်းကုန်ထုတ်ပြီး ရအောင်သတ်...

ကျိဝူမင်ရဲ့အကြည့်ကို မြင်တော့ စီတုပင်ဟဲ ခေါင်းညိမ့်လိုက်ပါပြီ... တစ်ကယ်တမ်း ကျိဝူမင်မပြောရင်တောင် အကောင်းဆုံးလုပ်ဖို့  သူတွေးထားပြီးသားပါ။

ဒါက သူလျို့ဝှတ်စွာ လက်စားချေနိုင်မယ့် အခွင့်အရေးပဲ!

"စမယ်!"
သတ်လတ်ပိုင်းလူကြီးရဲ့ စကားမဆုံးခင်မှာပဲ လျူလင်းက စီတုပင်ဟဲဆီကို ပြေးလွှားသွားခဲ့ပါပြီ။

လျူလင်းရဲ့သိုင်းဝိညာဉ်က မီတာခန့်ရ်ှ်ိတဲ့ဝက်လှံတုတ်တိုလေးပါ... သူ့ရဲ့တစ်ကိုယ်လုံးက အမှောင်ဆန်တဲ့အစိမ်းရောင်အလင်းကို ထုတ်ဖော်ပြီး သူ့ရဲ့အော်ရာတွေက အလွန်ထူးခြားပါတယ်။

အနက်ရောင်အဆင့်ကိုး အမှောင်စိမ်းတစ္ဆေမီးတောက်တုတ်တံ...

အမှောင်စိမ်းတစ္ဆေမီးတောက်လှံတံနဲ့ တိုက်ခိုက်တဲ့အခါ သူ့အရှေ့ရှိ‌လေဟာနယ်က တုန်ခါသွားခဲ့ရတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Donde viven las historias. Descúbrelo ahora