အပိုင်း_296_တန်းကလန်ကိုဝင်ရောက်ပြီ

436 42 0
                                    

အပိုင်း_296_တန်းကလန်ကိုဝင်ရောက်ပြီ

ကော့ဖုန်းက သူ့မိတ်ဆွေဟောင်းကြီးရဲ့မြေးဆိုပေမယ့် သူမကာကွယ်နိုင်ခဲ့ပါဘူး။သူ့မိတ်ဆွေကြီးနဲ့တွေ့တဲ့အခါ ဘယ်လိုလုပ်ရှင်းပြရပါ့မလဲ...

တန်းဝေနှလုံးသားထဲမှာတော့ မကောင်းပါဘူး။ဒီနေရာမှာ အခြားလူငယ်တစ်ဉီးဆိုရင် သူအတတ်နိုင်ဆုံးတားဆီးမိမှာပါ... နောက်ဆုံးမှာ ထိုတပည့်တွေက နောက်ခံကောင်းကောင်းမရှိတာမို့ ကော့ဖုန်းကို သူကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် ချူးယွန်...

သူပြသခဲ့တဲ့ခွန်အားက အလွန်ထူးခြားပြီး ဒီလိုလူကို သူက ဘယ်လိုဆန့်ကျင်ရမှာလဲ?

တန်းဝေပြောတာကြားပြီးနောက် ယုအိုရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့အရိပ်ယောင်တွေ ပေါ်လာခဲ့ပြီလေ။နောက်ဆုံးတော့ သူ့ဆန္ဒတွေ ပြည့်ဝသွားခဲ့ရပါပြီ။

တန်းကလန်ထဲဝင်ဖို့က သူ့အတွက် ပထမဆုံးခြေလှမ်းဖြစ်သလို အခက်ခဲဆုံးခြေလှမ်းဆိုရင်လဲ မမှားပါဘူး။

အခြားလူငယ်လေးက အသက်ပြင်းပြင်းရှုကာ သူ့ရဲ့သိုင်းဝိညာဉ်ကိုရုတ်သိမ်းပြီး ချူးယွန်ကို ကြည့်ကာ ပြောလိုက်တယ်။
"မင်းက အတော်သန်မာတာပဲ!"

ချူးယွန် အသာပြုံးပြီး ပြောလိုက်တယ်။
"မင်းလဲ အစွမ်းထက်တာပါပဲ"

ထိုလူငယ်ရဲ့သိုင်းဝိညာဉ်က မိုးမခသစ်ရွက်ဆေဘာဓါးဖြစ်ပြီး  ကမ္ဘာမြေအဆင့်သုံးပါ။ဒါက အလွန်သန်မာပါတယ်...

နောက်ပြီး ထိုလူငယ်က ခန္ဓာကိုယ်သန့်စင်တဲ့သိုင်းပညာရှင်လဲ ဖြစ်နေပါသေးတယ်။

"ငါက ယွင်ရှင်းယွမ်ပါ... မင်းနာမည်ဘယ်လိုခေါ်လဲ?"
ချူးယွန်ကိုကြည့်တဲ့ သူ့ရဲ့မျက်လုံးအကြည့်တွေထဲမှာ လေးစားမှုတွေနဲ့ ပြည့်နှက်နေလို့ပါ။

နောက်ဆုံးမှာတော့ အစွမ်းထက်သူကိုသာလေးစားကြတာပုံမှန်ပါပဲ...

နောက်ပြီး အစမှအဆုံးထိ ချူးယွန်ပြသခဲ့တဲ့တာတွေက သာမန်ထက်ကျော်လွန်နေခဲ့တယ်မဟုတ်လား။

"ချူးယွန်ပါ"

"ဒါဆို အကိုချူးယွန်ပေါ့... အကိုချူးက ခန္ဓာကိုယ်သန့်စင်သူပဲ၊ မင်းရဲ့ကိုယ်ကနေ ကြောက်စရာကောင်းတဲ့ အော်ရာတွေကို ခံစားနေရတယ်" "နောက်ပြီး ကျောက်တုံးကို အကြည့်တစ်ချက်ထဲနဲ့ တုန်ခါစေဖို့ဆိုတာက သာမန်လူတွေလုပ်နိုင်တဲ့အရာမဟုတ်ဘူး!"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Onde histórias criam vida. Descubra agora