အပိုင်း_204_ထိပ်ဆုံးဆယ်ဂိုဏ်း
"ဒါပေမယ့် ကျွန်တော်နဲ့အရိပ်တောင်တန်းကြားမှာ ဘယ်လိုပတ်သတ်မှုမှ မရှိဘူးလေ"
ချူးယွန် သက်ပြင်းချလိုက်ပါတယ်။သူ့မျက်နှာပေါ်မှာတော့ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေလို့....
ရဲရွှမ်အသေးစိတ်ရှင်းပြလို့ အရိပ်တောင်တန်းအကြောင်းနားလည်လာလေ ပိုပြီး ရှုပ်ထွေးလာလေလေပါပဲ။အရိပ်တောင်တန်းက အလွန်အားကြီးပြီး မဟာကလန်ကြီးလေးခုထက် အနည်းငယ်သာအားနည်းတာလေ။သူတို့က နှိမ့်ချပြီးနေကြသလို အပြင်လောကကြီးထဲမှာ လျှောက်သွားနေတာမျိုးမရှိပါဘူး။သူတို့အမွေဆက်ခံရတဲ့ အရိပ်သိုင်းဝိညာဉ်တွေဟာလည်း အလွန်ကိုကိုင်တွယ်ရခက်ခဲတယ်မဟုတ်လား။ဘာပဲဖြစ်ဖြစ် အရိပ်တောင်တန်းနဲ့သူ့အကြားမှာ ပတ်သတ်မှုတစ်စုံတစ်ရာမရှိတာတော့အမှန်ပါ။
ငါအဲဒါတွေကိုသိပြီး အဲဒါကဘာလဲ?
ဒါဆိုရင် ဝမ်ချန်းရင်က ဘာလို့ ငါ့ကိုလာရှာတာလဲ?
ငါနဲ့အရိပ်တောင်တန်းကြားမှ ဘယ်လိုမှမပတ်သတ်ဘူးလေ!
ချူးယွန်ဘယ်လိုပဲစဉ်းစားနေပါစေ ဝမ်ချန်းရင်ပြောခဲ့တဲ့စကားတွေနဲ့ပတ်သတ်ပြီး သူနားမလည်နိုင်ခဲ့ပါဘူး။ဒါကြောင့်မို့ သူခေါင်းကိုခါယမ်းကာ ဆက်မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်တယ်။
"ကျွန်တော်တို့အလှည့်ပြန်ရောက်ဖို့ အတော်လိုသေးတယ်မဟုတ်လား"
ချူးယွန်ခန္ဓာကိုယ်ကိုယ်ဆန့်ထုတ်ကာ အညောင်းညာဖြေရင်း နားနေခန်းထဲလျှောက်ဝင်သွားပါတယ်။
"ငါဒီဆေးလုံးကို သွားပြီးသန့်စင်လိုက်ဦးမယ်။အခြားပြိုင်ဘက်ဂိုဏ်းလေးတွေရောက်လာရင်လဲ မင်းတို့ဘာသာသွားရှင်းလိုက်ကြတော့""ဟားဟားဟား…. မစိုးရိမ်စမ်းပါနဲ့ကွာ... ကောင်းကင်ဂိုဏ်းကကောင်တွေရောက်လာရင်လဲ ငါတို့သေအောင်ရိုက်လွှတ်လိုက်မယ်"
နတ်ဆိုးည ယုံကြည်မှုအပြည့်နဲ့ ရယ်မောပြောဆိုလိုက်တယ်။"ဝမ်ချန်းရင်ရဲ့လက်ထဲမှာ ဂိုဏ်းပေါင်းဒါဇင်နဲ့ချီပြီးရှုံးနိမ့်ခဲ့ရတယ်။အခုဂိုဏ်းတွေက တစ်ရာအောက်ပဲကျန်တော့တယ်။ကောင်းကင်ဂိုဏ်းကလွဲပြီး ကျန်တာလေးတွေက ငချွတ်လေးတွေပဲ"
လဲ့မင်ရှန်တွေးလိုက်မိတယ်။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...