အပိုင်း_379_အသစ်ကဘာလဲ

415 35 0
                                    

အပိုင်း_379_အသစ်ကဘာလဲ

မိသားစုပြိုင်ပွဲက အလှည့်နဲ့ ရင်ဆိုင်ရတာမို့ အချို့ပါရမီရှင်တွေဆုံးရှုံးမှုမရှိစေဖို့ ရှုံးနိမ့်သူပြန်လည်ရှင်သန်ခြင်းစနစ်တစ်ခုထည့်သွင်းထားခဲ့တယ်။

ရှုံးနိမ့်သူတွေက ဆက်လက်ယှဉ်ပြိုင်နိုင်ကြပါတယ်။ထိပ်ဆုံးလေးယောက်ကြား အတော်ဆုံးက ပဉ္စမနေရာရမှာပါ။

ပဉ္စမနေရာက မကောင်းပေမယ့် ဘာမှမရတာထက်စာရင် တော်ပါသေးတယ်...

ချူးယွန်ကတော့ ဒီအကြောင်းကို တွေးတောင်မတွေးပါဘူး... သူရှုံးမယ်လို့လဲ စဉ်စားမထားပါဘူး။

တန်းယောက်ကျီမှာစွမ်းရည်အချို့ ရှိကောင်းရှိပါလိမ့်မယ်... ဒါပေမယ့် ဘာဖြစ်လဲ?

သူက ပထမနေရာကိုရည်မှန်းထားပြီး ထိုနေရာကိုလုဖို့အတွက်လည်း လုံလောက်တဲ့ခွန်အားရှိတယ်လေ။

"လူရွေးတာပြီးပြီ... အဝါ၊ အနက်၊ ကမ္ဘာမြေ၊ ကောင်းကင်၊ အမိန့်ကိုလိုက်နာပါ.... မနက်ဖြတ်အဝါရာင်... နောက်တစ်နေ့မှာတော့ အနက်ရောင်၊ ပြီးရင် နောက်ထပ်!"
တန်းကျွင်း ပြောပြီးတာနဲ့ ချူးယွန်ကို တစ်ချက်ကြည့်လိုက်တယ်။

သူ့နှလုံးသားထဲမှာတော့ ဒေါသခိုးတွေဝေနေပြီး သူသာ ကြီးကြပ်သူတစ်ယောက်မဟုပ်ရင် ချူးယွန်ကို ရိုက်သတ်လိုက်ပါပြီ။

ချူးယွန် တန်းကျွင်းရဲ့အကြည့်ကိုခံစားမိတော့ ပြုံးလိုက်တယ်။တန်းကျွင်းကို ဘယ်လိုစိတ်ဆိုးစေလိုက်မှန်းသူမသိပေမယ့် တစ်ခါတရံ ပြဿနာတွေက ရှုပ်ထွေးစွာနဲ့သူ့ဆီ ရောက်လာတတ်ပါသေးတယ်။

"ငါ့အလှည့်ရောက်ဖို့ သုံးရက်လိုသေးတယ်!"
တန်းကျွင်းပြောတာကြားတော့ ချူးယွန် အနည်းငယ်စိတ်ပျက်မိပါတယ်။

"မင်းမှာ အသက်ရှင်ဖို့ အချိန်သုံးရက်ထပ်ရသွားတာပေါ့!"
တန်းယောက်ကျီ ကြမ်းကြုတ်စွာနဲ့ ချူးယွန်ကိုကြည့်ပြီး ပြောလိုက်ပြီလေ။

ချူးယွန် ဒါကိုကြားတော့ ရယ်ရမလား၊ငိုရမလား မသိပါဘူး... တန်းယိကျီကိုကြည့်ရတာ ယုံကြည်မှုအရမ်းရှိနေသလိုပါပဲ...

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now