အပိုင်း_337_ခေါင်းဆောင်ဝေရဲ့စိတ်ထားကောင်း
ဝေဝူယန်က ရည်ရွယ်ချက်ကောင်း ပြသလာတဲ့အတွက် ချူးယွန်ကလည်း မယဉ်ကျေးတဲ့အပြုမူမျိုး မလုပ်ခဲ့ပါဘူး။သူက အပြုံးလေးနဲ့ ခေါင်းညိမ့်လက်ခံလိုက်ပါပြီ။
"ဒီအတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဝေ"အဆင့်မြင့်အဆင့် ဆေးလုံးသုံးဆယ်ကို လက်ဆောင်အဖြစ် ပေးလာခြင်း...
သူက ငတုံးမှ မဟုပ်တာ!ချူးယွန် လက်ဆောင်ကို လက်ခံလိုက်တာမြင်တော့ ဝေဝူယန်ရဲ့ အပြုံးက ပိုပီပြင်လာခဲ့ပြီလေ။
ဒီနောက် သူက အချိန်မဖြုန်းတော့ပဲ ကျိဝူမင်နဲ့ ကြိုးကြာဖြူမဟာအကြီးအကဲတို့ကို တစ်ချက်ပြုံးပြကာ ထွက်ခွာသွားခဲ့ပါပြီ။
"မင်းမြင်လား... ဝေဝူယန်က သူ့ရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသခဲ့ပေမယ့် စုဆောင်းဖို့နဲ့ပတ်သတ်ပြီးတော့ ဘာတစ်ခွန်းမှ ပြောမသွားခဲ့ဘူး... ဒါက သူကောင်းကောင်းသိထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
"ဝေမိသားစုရဲ့အခြေနေနဲ့ ကလန်းကြီးကိုမယှဉ်နိုင်တာ သူသိတယ်... သူက ဒီအတွက် မင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ ကြိုးစားသွားတာပဲ"
ကျိဝူမင် ပြုံးပြီး ပြောလိုက်တယ်။ပြီးနောက် သူက သက်ပြင်းချပြီး ပြောလိုက်ပါတယ်။
"မင်းက မိုးသောက်ဖြူမြို့တော်မှ ပထမဆုံးစပြီး တောက်ပလာခဲ့တယ်... ဒါပေမယ့် ဒီနေ့ဆည်းဆည်းချိန်မြို့တော် တိုက်ပွဲပြီးရင် မင်းရဲ့နံမယ်က အလယ်ပိုင်းဒေသကြီးမှာတဟုန်ထိုး ကျော်ကြားလာတော့မယ်!""ဒါက မပိုလွန်းဘူးလား?"
ချူးယွန် သူ့နှာခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်ပါတယ်။"မင်း ဘယ်လိုထင်လဲ?"
ကျိဝူမင် ပတ်ဝန်းကျင်ကို ညွှန်ပြပြီး ပြောလိုက်တယ်။
"မင်းကြည့်စမ်း... တိုက်ပွဲကို ကြည့်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့ မဟာဂိုဏ်းကြီးနဲ့ အစွမ်းထက်ကလန်တွေရဲ့ ခေါင်းဆောင်တွေ... နောက်ပြီး အစွမ်းထက် တစ်ကိုယ်တော် သိုင်းသမားတွေ အများကြီးရှိနေသေးတယ်လေ... သူတို့တွေအကုန်လုံး ဒီတိုက်ပွဲကို ကြည့်နေခဲ့ကြတာ!"
"သုံးရက်အတွင်းမှာပဲ မင်းရဲ့နံမယ်က အလယ်ပိုင်းဒေသကြီးမှာ ကျော်ကြားလာလိမ့်မယ်!"
أنت تقرأ
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
حركة (أكشن)အပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...