အပိုင်း_308_လောဘကြီးတဲ့မိသားစု
တန်းဟွာရန်ရဲ့ဦးဆောင်မှုနဲ့ ချူးယွန်တို့ အဓိကမြို့တော်ကို သွားခဲ့ကြပါတယ်။
မြို့စောင့်တွေရဲ့ အင်အားကလဲ အလွန်ကြောက်စရာကောင်းပါတယ်။သူတို့ရပ်နေရုံနဲ့ ဘယ်သူမှ မဟုပ်တာလုပ်ဖို့ စဉ်းစားဝံ့ကြမှာမဟုပ်ပါဘူး။
တန်းဟွာရန်နဲ့အတူ မြို့ထဲကို တိုက်ရိုက်ဝင်သွားခဲ့ပါပြီ။သူက အစောင့်တွေကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါဘူး။
ဒါပေမယ့် အစောင့်တွေကတော့ ချက်ချင်း ဒူးထောက်ကာ အရိုအသေပြုလိုက်ကြပါတယ်။
"မင်္ဂလာပါသခင်လေးဟွာရန်!"မြို့တော်ထဲကို ရောက်သွားတာနဲ့ သူ့ခန္ဓာကိုယ်က သက်တောင့်သက်သာနဲ့ နွေးထွေးမှုကို ခံစားလိုက်ရပါပြီ။ဒါက မြို့တော်ရှိ ဝိညာဉ်စုစည်းခြင်းအစီအရင်ကြောင့်ပါ...
အဓိကမြို့တော်ရဲ့ ဝိညာဉ်စွမ်းအင်သိပ်သည်းမှုက အခြားနေရာတွေထက် အဆပေါင်းများစွာ ပိုမြင့်မားပါတယ်။
ဒီမှာတစ်နှစ်ကျင့်ကြံခြင်းက ပြင်ပမှာ ပင်ပင်ပန်းပန်း သုံးနှစ်၊ ငါးနှစ်တာခန့် ကျင့်ကြံတာနဲ့ ညီမျှတယ်လေ။
ဒါက အံ့ဩစရာတော့မဟုပ်ပါဘူး...
အချိန်တွေကြာလာတာနဲ့အမျှ အင်အားစုကြီးတွေနဲ့ သာမန်အင်အားလေးတွေကြား ကွာဟမှုက ပိုမိုကြီးမားလာခဲ့ပါတယ်။အင်အားစုကြီးတွေရဲ့ ရရှ်ိနေတဲ့အရင်းအမြစ်တွေအသာထား သူတို့နေရာရှိ ဝိညာဉ်စွမ်းအင်သက်သက်ကတောင် အလွန်သိပ်သည်းနေတယ်လေ။ သူတို့ရဲ့ခွန်အားကို ဘယ်လိုနှိုင်းယှဉ်နိုင်တော့မှာလဲ?
မြို့တော်ထဲမှာ လမ်းလျှောက်နေရင်း ချူးယွန် ရုတ်တရက် ပြုံးလိုက်မိပါပြီ။
သူတို့ ရောက်လာစကဆိုရင် အဓိကမြို့တော်အနားကို မကပ်သင့်ကြောင်း တန်းဝေက အကြိမ်ကြိမ် သတိပေးခဲ့တယ်လေ။ထိုနေရာမှာ တန်းတွေရဲ့ တိုက်ရိုက်သွေးမျိုးစက်နဲ့ ပါရမီရှင်တွေနေထိုင်တယ် မဟုပ်လား။
မမျှော်လင့်ပဲ အချိန်တစ်ခနအတွင်းမှာ အဓိကမြို့တော်မှာ သူခြေချနေခဲ့ပါပြီ။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...