အပိုင်း 326 တစ်ရက်မှာ မိုးပြာနဂါး နဲ့ ဖီးနစ်တို့ရဲ့ နိုးထချိန် ပြန်ရောက်လာလိမ့်မယ်
ကျုံးယွမ်ဟွာရဲ့ စကားကိုကြားတော့မှ တင်းမင်ခရဲ့ မျက်နှာက အနည်းငယ်စိတ်သက်သာရာရသွားပြီး သူ့နှလုံးသားထဲရှိ လေးလံနေတဲ့ဝန်ကို ဖယ်ရှားလိုက်နိုင်ပါတယ်။
စီနီယာလန်ရဲ့ ပါရမီက သူမမြင်ဖူးသမျှထဲမှာ အသန်မာဆုံးပါ... ချူးယွန် ဘယ်လောက်ပဲအစွမ်းထက်ပါစေ စီနီယာလန်နဲ့တွေ့ရင် သေသွားရမှာပဲ!
တင်းမင်ခ ချက်ချင်းထွက်ခွာသွားခဲ့ပါပြီ။
ချူးယွန် လီကွမ်ကို လျစ်လျူရှုပြီး ကျိဝူမင်ကို လှမ်းကြည့်ကာ ပြုံးပြလိုက်တယ်;
" ဂိုဏ်းချူပ်... မျိုးစေ့ပါဝင်သူနေရာက ကျွန်တော့်အတွက်ဖြစ်နေသေးတယ်မဟုပ်လား?"သူ့စကားတွေက ရယ်စရာလို့ထင်စရာရှိပေမယ့် သူကိုယ်သူ ယုံကြည်မှုရှ်ိလို့ ဒီလိုပြောခဲ့တာပါ...
ကျိဝူမင်ကလည်း အစမှအဆုံးထိ မျိုးစေ့ပါဝင်သူနေရာကို သူ့အတွက်ပဲဆိုပြီး သတ်မှတ်ထားခဲ့တာ သိသာပါတယ်။
လူတစ်ယောက်က မျိုးစေ့ပါဝင်သူ ဖြစ် မဖြစ်က အလွန်အရေးကြီးတယ်လေ...
သူက မျိုးစေ့ပါဝင်သူဆိုရင်တော့ နောက်ပြိုင်ပွဲတွေ ဆက်တိုက် တိုက်ခိုက်လို့ရပါလိမ့်မယ်... ဒါပေမယ့် မဟုပ်ဘူးဆိုရင်တော့ ချူးယွန် ဘယ်လောက်ပဲသန်မာနေပါစေ ဆက်လက်တိုက်ခိုက်ရမှာမဟုပ်ပဲ ပြန်ဆင်းပေးရမှာပါ။
ဒါက စည်းမျဉ်းပါပဲ...
ချူးယွန်က သိရက်နဲ့ တမင်ဟန်လုပ်နေတာမြင်တော့ ကျိဝူမင် ခါးသီးစွာနဲ့ ခေါင်းညိမ့်ပြလိုက်ရပါပြီ...
ချန်းလော့မို လီကွမ်ပြောတာကိုကြားတော့ ချူးယွန်ကို အံ့အားသင့်စွာကြည့်လိုက်မိပြီလေ။
ဒီကောင်လေးက ခန္ဓာကိုယ်သန့်စင်သူဖြစ်တဲ့အပြင် ဓါးသမားလဲ ဖြစ်နေသေးတာလား?
ဒါမျိုး သူနည်းနည်းမှ မျှော်လင့်မထားခဲ့မိပါဘူး...
လူတစ်ယောက်က သူ့အသက်ရွယ်နဲ့ ဓါးစိတ်ဆန္ဒကိုနားလည်ထားတာက သူ့ရဲ့နားလည်နိုင်စွမ်းဟာ အလွန်မြင့်မားနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ...
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...