အပိုင်း_349_အော့ခမ်းနစ်_သို့မဟုတ် လျို့ဝှတ်ပုံစံပညာရှင်
"မင်း သူတို့နဲ့ ရင်းနှီးတာလား?"
ဝမ်ချန်းရင် ချူးယွန်နဲ့ ဘေးချင်းယှဉ်ကာ
လျှောက်လှမ်းနေရင်း မေးလိုက်တယ်။"သိပ်တော့ မရင်းနှီးပါဘူး... တန်းမင်းဆက်ကို သူတို့နဲ့ အတူတူဝင်ခဲ့တာ"
ချူးယွန် ပေါ့ပေါ့ပါးပါး ပြောလိုက်ပါတယ်။"ဒါဆိုရင် မင်းဘာလို့ စိုးရိမ်ပေးနေတာလဲ? မင်းက အရမ်းကြင်နာနေသလိုပဲ"
ဝမ်ချန်းရင် လှောင်ပြောင်လိုက်တယ်။"ငါ... သူတို့ရဲ့ ပါရမီနဲ့ ပြင်ပလောကမှာဆိုရင်
မဟာဂိုဏ်းကြီးတွေရဲ့
အဓိကတပည့်တောင်ဖြစ်နိုင်တယ်...
ဂိုဏ်းတစ်ခုလုံးရဲ့ ထောက်ပံ့မှုကိုမရရင်တောင်
ကျင့်ကြံခြင်းအရင်းအမြစ်တွေအတွက်
စိုးရိမ်စရာမလိုဘူး""ဒါပေမယ့် သူတို့ထွက်မသွားခဲ့ကြပဲ တန်းမင်းဆက်ကို ဝင်ရောက်ခဲ့ကြတယ်... အခြေခံအကျဆုံး ကျင့်ကြံခြင်းအရင်းအမြစ်တွေအတွက် ကိုယ့်ကိုယ်ကိုအားကိုးနေကြတယ်လေ... ဒီလိုလူမျိုးတွေက ငါ့ရဲ့အကူညီနဲ့
ထိုက်တန်တယ်... နောက်ပြီး သူတို့ပြဿနာအတွက်
ပင်ပင်ပန်းပန်းလုပ်စရာမလိုတာ... စကားလုံးအနည်းငယ်နဲ့ပဲပြီးတယ်... မင်း စကားလုံးတွေကို လျှော့တွက်လို့မရဘူး... စကားလုံးအနည်းငယ်က လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တယ်"ချူးယွန် ပြောပြီးနောက် ရယ်မောလိုက်ပါတယ်။
သူ့ရဲ့အရင်ဘဝမှာ မရေတွက်နိုင်တဲ့ လူငယ်တွေက သူတို့ရဲ့ရည်မှန်းချက်တွေအတွက် ခရီးရှည်ကြီးတွေကို လျှောက်လှမ်းခဲ့ကြတယ်လေ။
ဒီခရီးတွေကခက်ခဲပြီး မလွယ်ကူသလို ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်က ကျရှုံးနိုင်ပေမယ့် သူတို့ နောက်ပြန်မလှည့်ခဲ့ကြပါဘူး။
ရှေ့ပလ္လင်တောင်တန်းရှိ လူငယ်တွေကလည်း တန်းမင်းဆက်ကို ဝင်ရောက်ကျင့်ကြံနိုင်ဖို့ စိတ်အားထက်သန်စွာ ကြိုးစားနေကြသူတွေပါ။
ဝမ်ချန်းရင်ရဲ့ အကြည့်ကိုမြင်တော့ ချူးယွန် သူ့ပုခုံးကို တစ်ချက်ထိုးပြီး ပြောလိုက်တယ်။
"ငါကလူကောင်းတယောက်မဟုတ်ဘူး"
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...