အပိုင်း_384_ဝိညာဉ်ဓါးမြှောင်
ချူးယွန် အမြန်ခေါင်းငုံ့ကြည့်လိုက်တယ်။ဒီအခါမှာတော့ ကြမ်းတမ်းပြီး အေးစိမ့်နေတဲ့အော်ရာတွေထွက်ပေါ်နေတဲ့ ဓါးမြှောင်ကို မြင်လိုက်ရပြီလေ။ထိုအရာက သူ့ခန္ဓာကိုယ်ထဲထိုးဖောက်ဝင်ရောက်ပြီး သူ့ရိုးတွင်းချဉ်ဆီအထိ အေးခဲသွားမလိုတောင် ထင်ရစေတယ်။
ဒါက နာကျင်မှုမရှိပါဘူး... ဒါပေမယ့် ထက်မြိပြီး အေးစက်တဲ့လေအေးဆူးချွန်တွေလို သူ့ဝိညာဉ်ဆီကို ဦးတည်လာနေခဲ့တာပါ။
ဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုပါပဲ!
"မင်းဘယ်သူ့ဘက်ကလည်း၊ တန်းချွမ်လား၊ တန်းယောက်ကျီလား?"
ချူးယွန် ဓါးမြှောင်ရိုးကိုကိုင်ကာ ဆွဲထုတ်ဖို့ ကြိုးစားလိုက်တယ်။ဒါပေမယ့် လက်ကိုင်ကို ကိုင်လိုက်မိတာနဲ့ ဓါးမြှောင်က အေးစက်တဲ့စွမ်းအင်တွေထွက်ပေါ်လာကာ
ချူးယွန်လက်ကို အေးခဲစေလိုက်ပြီလေ။အဖိုးကြီးမျက်နှာက ကြမ်းကြုတ်နေလို့ပါ။သူက ရယ်မောရင်း ပြောလိုက်တယ်။
"သေလူတစ်ယောက်ကို ဘာလို့ စကားပြောရမှာလဲ? မင်းမှာ တောင်ပံတွေရှိနေရင်တောင် ဒီကထွက်သွားဖို့ ဘယ်လောက်ခဲတယ်ဆိုတာ မင်းသိရလိမ့်မယ်!"ချူးယွန် မျက်မှောင်ကြုတ်ရင်း သူ့ခါးရှိဓါးမြှောင်ကို စိုက်ကြည့်လိုက်ပါပြီ။
ထိုဓါးမြှောင်က သူ့ခါးမှာစိုက်ဝင်နေပေမယ့် သူ့ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး။ဒါက ဝိညာဉ်ကိုတိုက်ခိုက်ဖို့ အထူးပြုဖန်တီးတာပါ။
"ဟီးဟီးဟီး... ဒါက ဝိညာဉ်ဓါးမြှောင်လို့ခေါ်တဲ့ ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်ပဲ! ဒါနဲ့ထိုးခံလိုက်ရတာနဲ့ အဲဒီလူရဲ့ဝိညာဉ်က နာကျင်မှုအပြည့်နဲ့ ညှဉ်းပန်းခံရပြီးမှ သေရလိမ့်မယ်!"
အဖိုးအို လက်ပိုက်ပြီး ကျေနပ်စွာပြောလိုက်တယ်။ဒီအချိန်မှာပဲ ကြီးမားတဲ့ငါးကြီးတစ်ကောင် အဖိုးအိုနားကို ရောက်လာခဲ့ပါပြီ။ထိုငါးက ကြမ်းကြုတ်မှုအလင်းတွေထွက်ပေါ်နေတဲ့ မျက်လုံးတွေနဲ့ ချူးယွန်ကိုကြည့်နေလို့ပါ။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...