အပိုင်း_343_တိုတမ်အရင်းမြစ်

436 37 0
                                    

အပိုင်း_343_တိုတမ်အရင်းမြစ်

"အမှန်ပဲ!"
ချူးယွန် ခေါင်းညိမ့်ကာ အရင်အမှတ်တရတွေကို ပြန်သတိရနေဟန်နဲ့
"အဲဒီနေ့က သူငါ့ကို တစ်ခုတော့ မေးခဲ့ပြီး ငါလည်း ဘာမှန်းတော့ မသိပေမယ့် လက်ခံလိုက်တယ်... ဒါပေမယ့် သူက အစိမ်းရောင်မီးလျှံဓါးတိုတမ်ရဲ့ စွမ်းအင်အရင်းမြစ်ကို ငါ့ခန္ဓာကိုယ်ထဲ သွပ်သွင်းပေးလိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ... သူက ဟန်မင်းဆက်မှာ မကြာခင် အန္တရာယ်ကျရောက်လာတော့မယ်လို့ ပြောခဲ့တယ်... ဒါကြောင့် ဟန်မင်းဆက်က သူတို့ရဲ့အမွေနှစ်ပျောက်ပျက်မသွားစေဖို့ တိုတမ်အရင်းမြစ်ကို ငါ့ကိုယ်မှာ တက်တူးထိုးပြီးယူသွားစေချင်ခဲ့တာ"

"ဒီအဖိုးကြီးက စိတ်ကူးယဉ်အတော်ဆန်တာပဲ"
တာ့လင် အေးစက်စက်ရယ်မောရင်း
"တိုတမ်အရင်းမြစ်က တိုတမ်စွမ်းအင်အမြုတေပဲ... ဒါကတော့ မှန်ပါတယ်... ဒါပေမယ့် ဒါက မီးညွှန့်ကူးသလို ဘေးကိုပွားထုတ်လို့ရမယ်ဆိုတဲ့ အဓိပ္ပာယ်မှမဟုပ်တာ!"

"သူက တိုတမ်စွမ်းအင်ကို နင့်ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးမယ်... ပြီးတော့ အပြင်လောကကို ပို့ပေးစေချင်တယ်ပေါ့... ဒါပေမယ့် မျှော်လင့်မထားတာတစ်ခုက တိုတမ်စွမ်းအင်ကို နင့်ခန္ဓာကိုယ်က စုပ်ယူလိုက်တာနဲ့ နင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး ဘယ်တော့မှ ထပ်ခွဲထုတ်လို့ မရတော့ဘူး!"

ဒါကိုကြားတော့ ချူးယွန် တုန်လှုပ်သွားခဲ့ပါပြီ။
"ဒါဆိုရင် ငါသူ့ကိုပေးခဲ့တဲ့ကတိကို မဖြည့်ဆည်းပေးနိုင်တော့ဘူးလား?"

"ဒါက လူကထဲက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုပဲလေ၊ ဒါကို ဘယ်လို အကောင်ထည်ဖော်နိုင်မှာလဲ?"
တာ့လင် ခေါင်းကို ခါယမ်းလိုက်ပါတယ်။
"ဒါပေမယ့် ဒါက လျှော့ဈေးနဲ့ ရလိုက်သလိုပဲ... တိုနမ်အရင်းမြစ်ဆိုတာက တစ်ကယ်ကောင်းတဲ့အရာဖြစ်ပြီး လူပေါင်းများစွာက လိုချင်နေတဲ့အရာပဲလေ... နင့်မှာ အခုတိုတမ်အရင်းမြစ်ရှိတယ်... ဒါက အနာဂါတ်နတ်ဆိုးမျိုးနွယ်နဲ့ တိုက်ခိုက်တဲ့အခါ သူတို့ကို အလိုလိုဖိနှိမ်နိုင်လိမ့်မယ်... ဒါက သဘာဝအားသာချက်တစ်ခုပဲ"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Hikayelerin yaşadığı yer. Şimdi keşfedin