အပိုင်း 253 အစစ်အမှန်နဂါးသခင်
ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ် မျိုးနွယ်ခြားတွေက သံတန်းကိုပြင်းထန်စွာရိုက်နှက်နေကြလို့ပါ။ဒါပေမယ့် သူတို့နားမလည်နိုင်လောက်အောင် အစွမ်းထက်တဲ့အော်ရာတစ်ခုက သူတို့ကိုဖိနှိမ်ထားပုံရပါတယ်... သူတို့ဘယ်လိုပဲကြိုးစားနေပါစေ အသုံးမဝင်ခဲ့ပါဘူး။
မူလကချူးယွန်ဟာ အလွန်ကိုကြောက်ရွံ့နေခဲ့ပြီး သူ့စိတ်နှလုံးက မတည်မငြိမ်ဖြစ်သွားခဲ့ရတယ်။ဒါပေမယ့်အခုချိန်မှာတော့ သူက မြေအောက်အကျဉ်းထောင်ထဲရှိ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ် မျိုးနွယ်ခြားတွေရဲ့အော်ဟစ်ကြိမ်းမောင်မှု၊ ကြောက်မက်ဖွယ်အော်ရာတွေအောက်မှာ ဂရုမစိုက်စွာ သွားလာနေခဲ့ပါပြီ။
တိုးတက်လာတဲ့အမြင့်ဆုံးစစ်ဝိညာဉ်ကြောင့် ချူးယွန်ရဲ့စိတ်နဲ့အော်ရာက ကြီးမားတဲ့အပြောင်းလဲကြီးဖြစ်သွားခဲ့ရတယ်လေ။
"ကောင်စုတ်လေး၊ ရပ်လိုက်စမ်း! မင်းကိုဝင်ရောက်ခွင့်မပြုနိုင်ဘူး"
"ငါတို့နောက်ထပ်မလိုချင်တော့ဘူး!"
"အူး! အူး! အူး!"
"သေစမ်း! ကောင်စုတ်လေး"
"နှစ်ပေါင်းများစွာ လူသားတွေဒီကိုတစ်ခါမှရောက်မလာပဲ ဒီအချိန်ကြီးမှဘာလို့ရောက်လာခဲ့ရတာလဲ?
"ဒီလူသားကသာ သန့်စင်ခြင်းလမ်းကိုးပါးစေတီကိုထိန်းချူပ်နိုင်သွားရင် ငါတို့က အဲဒီလူအတွက် အသက်စွန့်ရမှာလား?"
"မဟုတ်ဘူး!"
"သောက်ကလေး၊ မင်းနောက်ထပ်ခြေတစ်လှမ်းထပ်လှမ်းရဲရင် ငါမင်းခြေထောက်ကိုရိုက်ချိုးပစ်မယ်!"
မရေတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေကြောက်မက်ဖွယ်အော်ရာတွေကို ထုတ်ဖော်လိုက်ကြတယ်။
သန့်စင်ခြင်းလမ်းကိုးပါးစေတီက သခင်တစ်ပါးရဲ့ထိန်းချူပ်မှုအောက်မှာ မရှိခဲ့တာ နှစ်ပေါင်းရာချီကြာခဲ့ကာ သူတို့ကိုချိတ်ပိတ်ထားတဲ့အတားဆီးတွေကလည်း တဖြည်းဖြည်းအားနည်းလာခဲ့ကြပြီလေ။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...