အပိုင်း_268_မာရှယ်နီကိုဖိအားပေးခြင်း
မာရှယ်နီ အလွန် အံ့အားသင့်သွားခဲ့တယ်။ထိုလက်သီးချက်မှာ သူ့ခွန်အားရဲ့ ငါးဆယ်ရာခိုင်နှုန်းခန့်ထည့်သွင်းထားခဲ့ပေမယ့် ထိုကောင်စုတ်လေးက တစ်ကယ်ကြီး တားဆီးနိုင်ခဲ့ပါတယ်။
"ဒီမာရှယ်က သတိပြုမိရလောက်အောင်မင်းကဘာလဲ?"
မာရှယ်နီရဲ့လက်က ရုတ်တရက်ကြီးမားတဲ့အားအင်တွေပေါက်ကွဲထွက်လာကာ ချူးယွန်ရဲ့ဗိုက်ကို အကြင်နာကင်းစွာ ကန်ကျောက်လိုက်ပါပြီ။တစ်ချိန်ထဲမှာပဲ ချူးယွန်ရဲ့လက်သီးက မာရှယ်နီရဲ့မျက်နှာပေါ်ကို ကျင်းသွားခဲ့ပြီလေ။
"ခွပ်"
မာရှယ်နီသူ့ခြေထောက်ပြန်ရုတ်ပြီး သူ့မျက်နှာကို စမ်းကြည့်လိုက်ပါတယ်။ခန္ဓာကိုယ်က ဘယ်လောက်သန်မာပါစေ မျက်နှာကတော့အားနည်းနေဆဲဖြစ်ပြီး နှာခေါင်းရိုးကိုထိုးခံရတဲ့ဒဏ်ဆိုရင် ပိုလို့တောင်ခံနိုင်မယ်မဟုတ်ပါဘူး။
ချူးယွန် သူ့ဗိုက်ကိုပွတ်သပ်ပြီးနောက် ချက်ချင်းအရှေ့ကိုပြေးတက်လာတယ်။
"ဖြောင်း ဖြောင်း ဖြောင်း!"
သူတို့က တစ်ယောက်ကိုတစ်ယောက်အကဲခတ်ရင်း တိုက်ကွက်တစ်ရာခန့် ဖလှယ်လိုက်ကြပါတယ်။"မင်းက ငါနဲ့အမြန်နှုန်းခြင်းယှဉ်နိုင်တာလား?"
မာရှယ်နီ အံ့အားသင့်သွားခဲ့ပြီလေ။ချူးယွန်က စစ်မှန်သောစွမ်းအားနယ်ပယ်မှာပဲရှိသေးတာမို့ ပုံမှန်လိုဆိုရင် သူဂရုစိုက်စရာတောင်မလိုတဲ့ ကြွက်စုတ်လေးပါ။
ဒါပေမယ့် သူဆန္ဒရှိခဲ့တဲ့ မှော်ချိန်းကြိုးကြောင့် သူကိုယ်တိုင် ဒုက္ခပြန်ရောက်ရလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။
"ချူးယွန် တစ်ကယ်ပဲ..."
ကူဟုန်နဲ့ ရှီကျူးတို့ အလွန်တုန်လှုပ်သွားခဲ့ကြပါတယ်။"ဒီလိုဖိနှိမ်ခံထားကြရချိန်မှာ ငါတို့သုံးယောက်က သူတို့နှစ်ယောက်ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
သူတို့ဟာ အစောပိုင်းတုန်းက မာရှယ်နီရဲ့ တစ်ဖတ်သတ်ထိုးကြိတ်မှုကို ခံခဲ့ကြရပါတယ်။ချူးယွန်သာမရှိရင် သူတို့အတွက်လွယ်မယ်မဟုတ်ပါဘူး။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...