အပိုင်း_266_မဟာချင်အင်ပါယာရဲ့အံ့အားသင့်စရာကောင်းတဲ့တိုက်ခိုက်မှု
ချူးယွန်ကတော့ ယုံကြည်မှုအပြည့်ရှ်ိပါတယ်။
ရှေးဟောင်းမှော်ချိန်းကြိုးက မာရှယ်နီရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဝိညာဉ်စွမ်းအင်ကိုဖိနှိမ်နိုင်ရင် သူက မာရှယ်နီကိုဘာကြောင့် ကြောက်နေရမှာလဲ?
ဒါက ရိုးရှင်းစွာပဲ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သက်သက်နဲ့ ယှဉ်ပြိုင်ရတော့မှာမဟုတ်လား?
မာရှယ်နီက ခန္ဓာကိုယ်သန့်စင်သူတစ်ယောက်ဆိုရင်တော့ သူအနည်းငယ် ကြောက်ရွံ့ကောင်းကြောက်ရွံ့မိမှာပါ။
ကူချွမ်နဲ့လမ်းခွဲပြီး ချူးယွန် သူ့ရဲ့ဂူကိုပြန်သွားကာ နောက်သုံးရက်နေရင်စတင်မယ့် စစ်ပွဲကိုစောင့်ဆိုင်းလိုက်ပါတယ်။
ဒါပေမယ့် အမှန်တရားက သူထင်ထားသလောက်ရိုးရှင်းမှုမရှိခဲ့ပါဘူး။
နောက်တစ်နေ့မနက် ချူးယွန်အိပ်နေတဲ့အချိန်မှာပဲ မြင်းတွေထောင်ချီပြေးလွှားလာနေကြသလိုမျိုး မြေပြင်က ပြင်းထန်စွာတုန်ခါလာခဲ့ပြီလေ။
အဝေးတစ်နေရာကနေ ပေါက်ကွဲသံတွေလဲ ဆက်တိုက်ထွက်ပေါ်နေလို့ပါ။
ချူးယွန် တည်ကြည်လေးနက်တဲ့မျက်နှာနဲ့ ချက်ချင်းပြေးထွက်သွားခဲ့ပါပြီ။
ချူးယွန် ဂူအပြင်ရောက်သွားတော့ မန်ဂူမျိုးနွယ်ကလူတွေက ကူကယ်ရာမဲ့စွာ တုန်လှုပ်နေတဲ့မျက်နှာတွေနဲ့ လွင်ပြင်မှာ ရပ်နေကြပါတယ်။
ချူးယွန် ဂရုမစိုက်ပဲမနေနိုင်တော့ပါဘူး... နီးစပ်ရာလူတစ်ယောက်ကို အမြန်ဆွဲခေါ်ပြီး မေးလိုက်ပါပြီ။
"ဘာတွေဖြစ်နေတာလဲ?""မဟာချင်အင်ပါယာရဲ့ စစ်တပ်လာနေပြီ"
"ဒီလောက်တောင်မြန်ရလား?"
ချူးယွန် တုန်လှုပ်သွားခဲ့ပြီလေ။သူချက်ချင်းကောင်းကင်ပေါ်ပျံတက်သွားပြီး အဝေးကိုမျှော်ကြည့်လိုက်ပါတယ်။
မီတာထောင်၊သောင်းချီတဲ့အကွာကနေ စစ်တပ်ကြီးကအလွန်ကိုမြန်ဆန်စွာနဲ့ ချီတက်လာနေလို့ပါ...
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...