အပိုင်း_334_လူတစ်ယောက်ရဲ့အစစ်အမှန်ပုံစံကိုပြသဖို့နှလုံးသားကိုဖြတ်တောက်ခြင်း

438 36 0
                                    

အပိုင်း_334_လူတစ်ယောက်ရဲ့အစစ်အမှန်ပုံစံကိုပြသဖို့နှလုံးသားကိုဖြတ်တောက်ခြင်း

"ဒါဘာလဲ?"
လန်လျန်းယုံ ထိုအော်ရာအောက်မှာ သူလုံးဝမခုခံနိုင်ကြောင်း ခံစားနေမိပါတယ်။

ဒါက ရှေးဟောင်းတိုတမ်ကော်လံကပေးတဲ့ စွမ်းအင်ကိုရယူပြီးနောက် ပထမဆုံးအကြိမ် ခံစားမိခြင်းပါ...

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?

အစိမ်းရောင်မီးလျှံတွေက ချူးယွန်မျက်လုံးထဲမှာ တစ်လက်လက်တောက်ပလာပါတယ်။ဒါက ရှေးဟောင်းတိုတမ်ကော်လံရဲ့ လျို့ဝှတ်ဆန်းကျယ်မှုပါပဲ... သူ့ရဲ့ သန့်စင်တဲ့ စွမ်းအင်တွေက ချူးယွန်ရဲ့ခန္ဓာကိုယ်အပြင်ဘက်ကို တိုးထွက်လာကာ လေဟာနယ်ကို ပုံပန်းပျက်စေတယ်။

"အတိတ်အချိန် သူငယ်ချင်းဟောင်းတစ်ယောက်က ရှေးဟောင်းတိုတမ်ကော်လံရဲ့ မူလစွမ်းအင်ကို ကူညီယူပေးမယ်လို့ ပြောခဲ့တယ်... ဒါကို မင်းနဲ့ပထမဆုံးအသုံးပြုရလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး... ဒီအတွက်‌တော့ မင်းဂုဏ်ယူသင့်တယ်!"
ချူးယွန် လျစ်လျူရှုစွာပြောလိုက်ပါတယ်။

"ရှေးဟောင်းတိုတမ်ကော်လံရဲ့ စွမ်းအင်အရင်းမြစ်အမွေနှစ်!"
လန်လျန်းယုံ မိန်းမောသွားကာ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသလို အံကြိတ်ပြီး ဟိန်းဟောက်လိုက်တယ်။
"မဖြစ်နိုင်ဘူး... ရှေးဟောင်းတိုတမ်ကော်လံရဲ့ စွမ်းအင်အရင်းမြစ်က အရမ်းတန်ဖိုးကြီးတယ်... မင်းက လူသားစစ်သည်တော်တစ်ဦးပဲလေ... သူ့ရဲ့ မူလစွမ်းအင်ကို မင်းဘယ်လို အသုံးပြုနိုင်မှာလဲ?"

သူ့စကားရဲ့ ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်ကတော့ သူ့လိုနတ်ဆိုးဘိုးဘေးကြီးတောင် ရှေးဟောင်းတိုတမ်ကော်လံရဲ့ စွမ်းအင်ကိုသာ ရရှိခဲ့တယ်လေ။

စွမ်းအင်အရင်းမြစ်ကို မင်းခန္ဓာကိုယ်ထဲ ဘယ်လိုစုပ်ယူနိုင်မှာလဲ?

"မင်းနားမလည်နိုင်နဲ့အရာတွေ အများကြီးရှိနေသေးတယ်ကောင်လေး!"
ချူးယွန် အထင်မြင်သေးဟန်နဲ့ နှခေါင်းရှုံ့လိုက်တယ်။

မူလက ဒီဝှတ်ဖဲကို သူ့အနေနဲ့ လူအများရှေ့မှာ အသုံးမပြုချင်ခဲ့ပါဘူး။ရှေးဟောင်းတိုတမ်ကော်လံကို နားလည်ထားတဲ့သူရှိနေရင် သူ့မှာစွမ်းအင်အရင်းမြစ်ရှိနေမှုကြောင့် လူအများရဲ့စိတ်ဝင်စားခြင်းကို ခံရပါလိမ့်မယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Où les histoires vivent. Découvrez maintenant