အပိုင်း_380_လျို့ဝှတ်ဒေသ

408 36 0
                                    

အပိုင်း_380_လျို့ဝှတ်ဒေသ

တန်းဇီရှမ်း အသက်ပြင်းပြင်းရှုပြီး တည်ငြိမ်အောင်ထိန်းချုပ်ကာ
"ဒီအကြောင်းတွေက အနှေးနဲ့အမြန်ဆိုသလို နင်သိလာမှာပဲလေ... ဒီတော့ ငါတစ်ခါထဲ ပြောပြလိုက်တော့မယ်!"

"ဟွာရန်ပြောတာကို နင်မှတ်မိမှာပါ...
လျို့ဝှတ်ဒေသက တိုင်ဂန်တိုက်ကြီးရဲ့ တားမြစ်နေရာရာဆိုတာလေ... ဆေးဘက်ဝင်ပစ္စည်းတွေရှာဖွေရင်း အဖေက အထဲမှာပျောက်သွားခဲ့တယ်... သူနားလည်ထားတာက အဲ့နယ်မြေရဲ့ တဝက်ပဲရှိသေးတယ်... လျို့ဝှတ်ဒေသ ဝင်ပေါက်က တိုက်ဂန်တိုက်ကြီးမှာရှ်ိပြီး အဲတာကလည်း ကမ္ဘာငယ်လေးတစ်ခုပဲ... နောက်ပြီး ငါတို့တန်းတွေထိန်းချုပ်ထားတဲ့ကမ္ဘာ"

"လျို့ဝှတ်ဒေသက အမြဲအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်... တစ်ချိန်က ငါတို့ရဲ့ ဂိုဏ်းချူပ်ကြီးနယ်ပယ် လူခုနှစ်ယောက်၊ရှစ်ယောက်လောက် ဆုံးရှုံးခဲ့ရတယ်... ငါ့အဖေက ဆေးဘက်ဝင်ပစ္စည်းတွေရှာဖို့ သွားတာမဟုပ်ဘူး... တစ်ကယ်တမ်း မျိုးနွယ်စုရဲ့ပိုင်နက်ကို ဖွင့်လှစ်တဲ့နေရာမှာ ကူညီဖို့နဲ့ လျို့ဝှတ်ဒေသကိုတိုက်ခိုက်ဖို့ပဲ!"

"တစ်ချိန်ထဲငါ့အဖေက အဲ့အချိန်တုန်းက ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ် အဆင့်ငါးကိုရောက်နေခဲ့ပြီ... သူက စိတ်ဓါတ်တက်ကြွပြီး သူ့ကိုယ်သူလည်း ဂုဏ်ယူနေခဲ့တယ်... တစ်ချိန်ထဲမှာ သူက ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ် အဆင့်လေး ကျွမ်းကျင်သူအချို့ကိုခေါ်ပြီး ဝင်သွားခဲ့တယ်... ဒါပေမယ့် သူတို့အကုန် ဘာသဲလွန်စမှမရှိပဲ ပျောက်ကွယ်သွားခဲ့ကြတယ်!"

သူမအသံက အနည်းငယ်တုန်ခါနေပြီး မျက်လုံးတွေတောင် အနည်းငယ်စိုစွတ်လာပါတယ်။

ချူးယွန် ခနစဉ်းစားပြီး‌နောက် ဆက်မေးလိုက်ပါတယ်။
"ဒါက သူပျောက်နေရုံသက်သက်လို့ နင်တို့ ဘယ်လိုသိတာလဲ?"

တန်းဇီရှန်း ဆက်ပြောလိုက်ပါတယ်။
"ငါတို့မိသားစုက ပြင်ပလောကကိုသွားပြီး တိုက်ခိုက်ရတော့မယ်ဆိုရင် လျို့ဝှတ်နည်းစနစ်တစ်ခုကိုသုံးပြီး ကြယ်အလင်းနန်းတော်ထဲမှာ မီးတောက်တစ်ခု ထွန်းညှိထားခဲ့တယ်... အဲဒီမီးတောက်က သူတို့ရဲ့အသက်တွေကို ကိုယ်စားပြုတယ်... အသက်မီးတောက်ငြိမ်းသွားတာက သူတို့သေသွားပြီဆိုတဲ့အဓိပ္ပာယ်ပဲ! အဖေ့ရဲ့မီးက တောက်လောင်နေသေးတယ်!"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now