အပိုင်း_365_တန်းရှီရဲ့သဘောထား

432 31 0
                                    

အပိုင်း_365_တန်းရှီရဲ့သဘောထား

ချူးယွန်ပြောတာကိုကြားပြီးနောက် တန်းဟွာရန်က
မထီမဲ့မြင်ကြည့်လိုက်ပါတယ်။
"မင်းက ငါ့ယောက်ဖ‌မဖြစ်သေးဘူးလေ...နောက်ပြီး
ငါ့အမကမှ ပထမနေရာအတွက် ပြိုင်ဆိုင်မယ့်သူပဲ... မင်းလေကျယ်ပြီး အရှက်ကွဲမှာ မကြောက်ဘူးလား?"

"လခွမ်း... မင်းငါ့ကိုအထင်သေးတာပဲ... ဒီပြိုင်ပွဲအတွက် ငါဘယ်လောက်ပြင်ဆင်လာတယ်ဆိုတာ မင်းသိလား?"

ချူးယွန် လက်နှစ်ဖက်နောက်ပစ်ပြီး လေးနက်စွာ ပြောလိုက်တယ်။
"မင်းငါ့ကိုမယုံဘူးဆိုရင် ငါတို့လောင်းကြမလား? ငါသာပထမနေရာရရင် မင်းအမနဲ့လက်ထပ်ဖို့ သဘောတူပေးမလား?"

သူက လေးနက်စွာပြောနေပေမယ့် သူ့စကားတွေက အလွန်ရယ်စရာကောင်းတယ်...

"လက်ထပ်ဖို့ သဘောတူရမှာလား?"
တန်းဟွာရန် အစပိုင်းမှာ ကြောင်တောင်ဖြစ်သွားပေမယ့် သူ့နှုတ်ခမ်းတွေက ချက်ချင်းတွန့်ကွေးသွားခဲ့တယ်။
"ငါသဘောတူတယ်၊မတူဘူးက အရေးမကြီးပါဘူး...   ငါ့အမသာလက်ခံရင် ဘယ်လိုအရာတွေတားဆီးနေပါစေ သူမက မင်းနဲ့အတူရပ်တည်လိမ့်မယ်... သူမက သဘောမကျရင်တော့ အဖိုးက အမနဲ့မင်းကိုလက်ထက်ဖို့ပြောနေရင်တောင် သူမက မင်းကိုမျက်လုံးထဲထည့်မှာမဟုပ်ဘူး"

"ဒါက လွယ်ပါတယ်"
ချူးယွန် ယုံကြည်မှုအပြည့်နဲ့ရယ်မောလိုက်တယ်။

တန်းဇီရှန်းရဲ့ စိတ်သဘောထားအရ သူမကို ချဉ်းကပ်ဖို့မလွယ်ကူပေမယ့် သူ့ကို အခြားယောင်္ကျားတွေနဲ့မတူ ကွဲပြားစွာဆက်ဆံခဲ့တယ်မဟုပ်လား။

အခွင့်ရေးမရှိဘူးလို့ ဘယ်သူပြောနိုင်မှာလဲ?

တန်းဟွာရန် ချူးယွန်ကို နဂါးတိုက်ပွဲနယ်မြေရဲ့ ခန်းမကြီးတစ်ခုထဲ ခေါ်သွားလိုက်ပါပြီ။

"မင်းလာရဲသေးတာလား?"
ချူးယွန်တို့ဝင်လာတာနဲ့ မဖော်ရွေတဲ့အသံတစ်ခုကို ကြားလိုက်ရပြီလေ။

သူကြည့်လိုက်တော့ တန်းယောက်ကျီက အေးစက်စက်နဲ့ လှမ်းကြည့်နေလို့ပါ။
သူ့မျက်လုံးအကြည့်တွေက ကြမ်းတမ်းတဲ့သတ်ဖြတ်ချင်စိတ်တွေ ပါဝင်နေကာ လေထုတောင် အေးခဲလာပုံရပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ حيث تعيش القصص. اكتشف الآن