အပိုင်း_222_ခင်ဗျားနောင်တရပြီလား

449 42 0
                                    

အပိုင်း_222_ခင်ဗျားနောင်တရပြီလား

"ဖူး... မင်းက အတော်အရှက်မဲ့တာပဲ! မင်းက ငါမြင်ဖူးသမျှထဲမှာ အရှက်မရှ်ိဆုံးလူသားပဲ"
မဟာပညာရှ်ိအထင်မြင်သေးစွာပြောလိုက်တယ်။

"မင်းလိုနံဆော်နေတဲ့မျောက်က ဘာသိမှာလဲ? လူတွေက အမြဲ မျက်မမြင်တစ်ယောက်လို တိုက်ခိုက်သတ်ဖြတ်နေလို့မရဘူး။ပိုကောင်းတဲ့နည်းလမ်းတွေကို သုံးလို့ရနေတာကို ဘာလို့အကြမ်းဖက်ဦးမှာလဲ?"

ချူးယွန် "ငါပြောပြလဲ မင်းနားလည်မှာမဟုတ်ပါဘူးကွာ" ဆိုတဲ့ပုံစံမျိုးနဲ့ သူ့လက်ကိုဝေ့ယမ်းလိုက်ပါတယ်။

ကျန်းရီချူး ဂိုဏ်းဂိတ်တံခါးထဲပြေးဝင်သွားပြီး ဘယ်ညာရှာကြည့်လိုက်တော့ ကျန့်ရှိုး မိန်းမပျိုလေးနှစ်ယောက်ရဲ့ဘေးမှာထိုင်ပြီး အရှက်မဲ့စွာ ယုတ်ညံ့တဲ့စကားတွေကိုပြောနေတာတွေ့လိုက်ရပါပြီ။

ကျန့်ကျန်းကတော့ ကျန့်ရှိုးရဲ့ဘေးမှာ အပြုံးကြီးပြုံးပြီးရပ်နေလို့ပါ။သူက မိန်းမပျိုလေးနှစ်ယောက်ကို စိုက်ကြည့်ပြီး တံတွေကို မကြာခနမျိုချနေလို့...

"အဖိုးကြီးကျန့်ရှိုး နဲ့ ကျန့်ကျန်း... အမြန်လာခဲ့စမ်း"
ကျန်းရီချူးရဲ့ ဒေါသထွက်နေတဲ့အသံကြီး ထွက်ပေါ်လာခဲ့ပါပြီ။

ကျန့်ရှိုး နဲ့ ကျန့်ကျန်း ကြောက်လန့်တကြားနဲ့ ကပျာကယာလှည့်ကြည့်လိုက်ကြတယ်။သူတို့ကိုခေါ်နေတဲ့သူကိုမြင်တဲ့အခါမှာတော့ အိမ်မွေးခွေးလေးသခင်ကိုမြင်လိုက်ရတဲ့အလား ချက်ချင်းပြေးလွှားသွားခဲ့ကြပါပြီ။

"သခင်လေးကျန်း... ကျွန်တော်တို့ဘာများလုပ်ပေးရမလဲခင်ဗျ"

ကျန်းရီချူးစကားတစ်ခွန်းမှမပြောခဲ့ပါ။ သူ့ရဲ့လက်တစ်ဖက်က မြန်ဆန်စွာလှုပ်ရှားသွားပြီး ကျန့်ရှိုး တို့ တူဝရီးကို ပါးဖြတ်ရိုက်လိုက်တယ်။

သူက ဝိညာဉ်စွမ်းအင်မသုံးပဲ ခန္ဓာကိုယ်ခွန်အားသက်သက်နဲ့ ရိုက်နှက်လိုက်တာပါ။ထိုရိုက်ချက်က ကျန့်ကျန်းကို အမြင်အာရုံတွေပျောက်ကွယ်လုနီးပါး နားကျင်သွားခဲ့ရတယ်။ကျန့်ရှိုးကတော့ အခြေနေပိုကောင်းပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Où les histoires vivent. Découvrez maintenant