အပိုင်း_254_လျို့ဝှတ်ဇယားကွက်တစ်ရာ_လမ်းကြောင်းဆယ်ခု

410 44 0
                                    

အပိုင်း_254_လျို့ဝှတ်ဇယားကွက်တစ်ရာ_လမ်းကြောင်းဆယ်ခု

"ဒီအတားအဆီးကိုချိုးဖြတ်နိုင်ရင် ငါအောင်မြင်တယ်လို့ ပြောလို့ရနိုင်တယ်"

ချူးယွန် ရေလိုကြည်လင်နေတဲ့အဆီးလွှာကိုကြည့်ရင်း သူ့နှုတ်ခမ်း‌ထောင့်တွေကကော့တက်သွားခဲ့ပါတယ်။
"ဒီအတားအဆီးက ဘယ်လောက်ထိခံနိုင်မလဲ ငါသိချင်မိတယ်"

ပြောပြီးတာနဲ့ ချူးယွန်ရဲ့ ခန္ဓာကိုယ်ကနေ ရုတ်တရက်ခံ့ညားထည်ဝါတဲ့စွမ်းအင်တွေကမြင့်တက်လာပြီးတောက်ပတဲ့နတ်ဘုရားတစ်ပါးအလား ထင်ရစေတယ်။

ကောင်းကင်နဲ့မြေပြင်ကိုဖြိုဖျက်နိုင်တဲ့ သန်မာတဲ့စွမ်းအင်တွေက သူ့မရီဒျန်တွေကတစ်ဆင့် ညာဘက်လက်ကိုစီးဝင်သွားခဲ့ကြပြီလေ။

စွမ်းအင်တွေကသိပ်သည်းလွန်းတာမို့ သူ့ရဲ့ညာလက်ကပိုကြီးထွားလာတယ်လို့တောင် ထင်ရစေပါတယ်။

"ငါ့အတွက် ကျိုးပြတ်လိုက်စမ်း!"
ချူးယွန်ရဲ့မျက်လုံးတွေက အလင်းရောင်တွေတလက်လက်တောက်ပနေပြီး ဧရာမတူကြီးနဲ့ထူနှက်လိုက်သလို ရိုက်နှက်လိုက်ပါပြီ။

"ဝုန်း!"
ပေါက်ကွဲသံနဲ့အတူ အံ့မခန်းစွမ်းအင်လှိုင်းကြီးတွေက နေရာအနှံ့ကိုပျံ့နှံ့ထွက်ပေါ်လာခဲ့တယ်။တုန်ခါမှုလှိုင်းက ဆယ်ကြိမ်ခန့်ဖြစ်ပေါ်ပြီးမှ ပြန်လည်ပျောက်ကွယ်သွားခဲ့တယ်။

ချူးယွန်မျက်မှောင်ကြုတ်လိုက်တယ်... ဘာကြောင့်လဲဆိုတော့ သူ့အရှေ့ရှိအတားအဆီးက လှိုင်းဂယက်လေးသာထသွားခဲ့တယ်ဆိုတာ သူသိနေတယ်လေ။

သူ့ရဲ့လက်ရှိနယ်ပယ်က စစ်မှန်သောစွမ်းအားနယ်ပယ်အဆင့်ခြောက်မှာပါ။သူက ခွန်အားအပြည့်အသုံးပြုလာခဲ့ရင် ရွှမ်းဝူနယ်ပယ်ကျင့်ကြံသူထက်နိမ့်ကျမှာမဟုတ်ပါဘူး။နယ်ပယ်တူချင်းဆိုရင် သူ့ကိုယှဉ်နိုင်တဲ့သူက မရှိသလောက်ပါပဲ....

"ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်နေလို့ အတားအဆီးရဲ့ အနိမ့်ဆုံးကန့်သတ်ချက်ကိုတောင် မရောက်စေနိုင်တာလား?"
စိတ်ပျက်အားလျော့တဲ့အတွေးတွေဝင်ရောက်လာပေမယ့် ချူးယွန်ချက်ချင်းဖယ်ရှားလိုက်တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Hikayelerin yaşadığı yer. Şimdi keşfedin