အပိုင်း 321 မျှော်လင့်ချက်မဲ့ခြင်း
ကျုံးယွမ်ဟွာရဲ့ ခြိမ်းခြောက်တဲ့စကားကိုကြားပေမယ့် ကျိဝူမင်က မတုန်မလှုပ်ပါပဲ...
တစ်ကယ်တော့ ကျုံးယွမ်ဟွာမပြောရင်တောင် ဘာဆက်ဖြစ်မယ်ဆိုတာ ကျိဝူမင် သိနေပြီးသားပါ...
အာတီရှိုန်ကို ဆန့်ကျင်နိုင်မှာက စီတုပင်ဟဲနဲ့ ကျန်းရီချူးပဲ ရှ်ိခဲ့တယ်မဟုပ်လား။
ဒါပေမယ့် အရေးကြီးဆုံးအချိန်ရောက်မှ ချူးယွန်က ပြန်ရောက်လာရင်တော့ ကစားပွဲကို ပြောင်းပြန်လှန်ပစ်နိုင်ပါလိမ့်မယ်။
ကျိဝူမင်အနောက်ရှိ လူငယ်လေးယောက်ရဲ့မျက်နှာကတော့ အပြောင်းလဲမရှိပါ... ရလဒ်က အရေးမကြီးတော့သလိုပါပဲ...
တိုက်ပွဲနယ်မြေရှိ သတ်လတ်ပိုင်းလူကြီးက ကျိဝူမင်ကိုကြည့်ပြီး ပြောလိုက်တယ်။
"ပြိုင်ပွဲက နောက်တစ်နာရီကြာရင်စမယ်... ပြင်ဆင်မှုတွေ လုပ်ထားကြပါ"ကျိဝူမင် အနောက်လှည့်ကာ ကြိုးကြာဖြူမဟာအကြီးအကဲနဲ့ လူငယ်လေးယောက်ကို ကူကယ်ရာမဲ့နေဟန်နဲ့ကြည့်ပြီး ပြောလိုက်ပါတယ်။
"အရင်ပွဲတွေတုန်းကလိုပဲ ၊ စီတုပင်ဟဲအရင်တက်မယ်... ကျန်းရီချူးက ဒုတိယတက်ပြီး ကျီအန်းယွင်နဲ့ ယန်ရှောင်ဆိုပြီး အဆင့်ဆင့် တက်သွားရမယ်"ဂိုဏ်းချူပ်ရဲ့စကားကိုကြားတော့ ကျီအန်းယွင်နဲ့ ယန်ရှောင်တို့ရဲ့မျက်နှာပေါ်မှာ ကြောက်လန့်၊စိုးရိမ်မှုတွေနဲ့ ပြည့်နှက်သွားပါတယ်။
ကျိဝူမင်ရဲ့ အဖြူရောင်ဆံပင်တွေဆိုရင် ပိုပြီးဖြူလျော်နေသလိုပါ...နိုင်သူကဘုရင် ရှုံးသူက သူခိုးပဲလေ...
ဒါက လောက နိယာမပါပဲ...
တစ်နာရီကမျက်စေ့တစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပါတယ်...
များပြားတဲ့ ကျင့်ကြံသူတွေရဲ့အကြည့်အောက်မှာပဲ စီတုပင်ဟဲ အသက်ပြင်းပြင်းရှုကာ တိုက်ပွဲနယ်မြေထဲဝင်သွားခဲ့ပါပြီ။
"မင်းလာတာလား... တစ်ကယ်တမ်း ငါတွေ့ချင်တာက ကျန်းရီချူးလေ"
အခြားတစ်ဖက်မှာတော့ တင်းမင်ခ ကူကယ်ရာမဲ့စွာပြောလိုက်ပြီး သူ့မျက်နှာကတော့ ပြုံးနေလို့ပါ။ဒီတိုက်ပွဲကို သူသိပ်ပြီး စိတ်မဝင်စားသလို...
KAMU SEDANG MEMBACA
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Aksiအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...