အပိုင်း_291_လစ်တော့!
"တန်းတွေမှာ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ"
ချူးယွန် တောင်ထိပ်မှာရပ်နေကာ များပြားတဲ့ပါရမီရှင်လူငယ်တွေကိုကြည့်ရင်း သူ့နှလုံးသားထဲကနေ သက်ပြင်းချလိုက်ပါတယ်။ဒါပေမယ့် ဒီလူတွေကို အတွင်းစက်ဝိုင်းမဟုတ်ပဲ အပြင်စက်ဝိုင်းကလူတွေလို့ပဲပြောရမယ်။
ဒါကိုကြည့်ရင်း ထိုပါရမီရှင်လူငယ်တွေအကြားယှဉ်ပြိုင်မှု ဘယ်လောက်တောင်ပြင်းထန်နေမယ်ဆိုတာ မြင်ယောင်ကြည့်နိုင်တယ်!
တန်းဇီရှန်းအတွက်တောင်ပြဿနာရှ်ိနိုင်တယ်ဆိုတာ အံ့ဩစရာမဟုတ်တော့ပါဘူး။
ချူးယွန်အနေနဲ့ မူလကတော့ ဇီရှန်းအမှတ်အသားကိုသုံးပြီး တန်းမျိုးဆက်အဖြစ်အလွယ်ဝင်သွားမယ်လို့ မူလကတွေးထားခဲ့တာပါ။
အခုတော့ ချူးယွန် စိတ်ပြောင်းသွားခဲ့ပါပြီ!
တန်းမျိုးဆက်ထဲမှာ တန်းဇီရှန်းအပြင် ပါရမီရှင်လူငယ်များစွာရှိနေပြီး တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြကာ အတွေးတွေကလည်း မတူညီကြပါဘူး။
သူသာ မောက်မာစွာနဲ့ ထင်ရှားစွာဝင်သွားရင် ရန်သူကိုသတိပေးလိုက်သလိုဖြစ်ပြီး သူက သေချာပေါက်ပစ်မှတ်တစ်ခုဖြစ်လာလိမ့်မယ်။
ထိုလူတွေက တန်းဇီရှန်းနဲ့တောင်ကစားရဲရင် သူဆိုရင်တွေးနေစရာတောင်လိုမယ်မဟုတ်ပါဘူး။
ဒါပေမယ့် သူကတန်းမျိုးဆက်ကိုဝင်ဖို့စိတ်မဝင်စားပဲ သူအခုလာရတာက တန်းဇီရှန်းရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ပါ။
အချိန်သာအလုံအလောက်ရရင် ချူးယွန်က ထိုလူတွေနဲ့ ကစားနေဖို့စိတ်မဝင်စားပါဘူး။
သူက ရှောင်ထျန်းချန်ကိုသတ်ရဲတာ ဒီလို သခင်လေးတွေ၊ သခင်မလေးတွေကို မသတ်ဝံ့ပဲနေမှာလား?
ဒါပေမယ့်လဲ အချိန်သိပ်မကျန်တော့ပါဘူး။ဒါကြောင့် သူအချိန်ဖြုန်းမနေနိုင်ဘူး။
ဒါကြောင့် စစ်ဆေးမှုကိုဝင်ဖြတ်ကျော်ပြီး အာရုံစိုက်ခံရမှုအနည်းဆုံးနဲ့ တန်းမျိုးဆက်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...