အပိုင်း_345_သူကငါ့တူပဲလေ
သတ်လတ်ပိုင်းလူကြီး စကားပြောနေရင်း သူ့နဖူးတွေက တွန့်ကွေးသွားခဲ့ပါတယ်။ခံ့ညားထည်ဝါတဲ့အော်ရာတွေကလည်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပါပြီ။ဒါက အင်အားကြီးမားတဲ့ လူတစ်ယောက်ရဲ့အော်ရာဖြစ်ပြီး သာမန်လူတွေဘယ်လိုမှ တုပလို့ရမှာမဟုပ်ဘူး။
လှပတဲ့အမျိုးသမီးက ဘာမှမပြောသလို သူ့ရဲ့အမှားကိုလည်း ဝန်ခံချင်းမပြုပါဘူး။သူမက ခေါင်းမာသူတစ်ယောက်အလား ဘေးကိုကြည့်နေလို့ပါ။
"ယွန်အာဆီ ဟိုခွေးကောင်လေးနဲ့အတူ တစ်ခုခုပို့ခိုင်းလိုက်တာကို ငါအပြစ်မပြောလိုပါဘူး... သူက နင့်သားဆိုလည်းဟုပ်၊ ငါ့တူဆိုလည်းဟုပ်တယ်လေ... နင်သူ့ဆီကို တစ်ခုခုပို့လိုက်ရင်တောင် ငါ မမြင်ချင်ယောင် ဆောင်ထားလို့ရတယ်"
"နင့်ရဲ့အမှားက တစ်ခုထဲပဲရှိတယ်... နင့်ရဲ့ခန္ဓာကိုယ်က လျို့ဝှတ်ပုံစံနည်းစနစ် အသုံးပြုတာကို ခံနိုင်ရည်မရှိတော့ပေမယ့် နင်က ရေးဆွဲနေတုန်းပဲ!"
သတ်လတ်ပိုင်းလူကြီးရဲ့ မျက်လုံးထဲမှာ ဒေါသတွေပြည့်နှက်နေလို့ပါ။သူဒေါသမထွက်အောင် ဘယ်လိုလုပ်ရမှန်းလဲ မသိပါဘူး။နောက်ဆုံးမှာတော့ သူ့အရှေ့မှာရှိနေသူက သူ့ညီမလေးပဲလေ...
"ယွန်အာငယ်ငယ်လေးထဲက အမေတစ်ယောက်ရဲ့တာဝန်ကို မကျေပွန်နိုင်ခဲ့ဘူး... သူ့ကိုလည်းမတွေ့ရပဲ တစ်ချိန်လုံး ဒီမှာပဲ နေနေခဲ့ရတယ်... အခု သူ့ခွန်အားတိုးတက်ဖို့အတွက် သင်ကြားမှုလက်ဆွဲလေးတွေ ရေးဆွဲပေးရုံပဲ တတ်နိုင်တယ်"
လှပတဲ့အမျိုးသမီးက ခေါင်းမာစွာနဲ့ နှုတ်ခမ်းကိုက်လိုက်တယ်... သူမရဲ့မျက်လုံးထဲမှာ နောက်မဆုတ်အလျော့မပေးတဲ့ အငွေ့သက်တွေနဲ့ ဆက်ပြောလိုက်ပါတယ်။
"ဒါက ငါ့ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာကို သိပါတယ်... ဒါပေမယ့် ငါဘာမှမတတ်နိုင်ဘူး... ဒါကို ပထမဆုံးစမ်းသပ်မှုအဖြစ် ငါ့နှလုံးသားထဲမှာ မှတ်ယူမယ်...ငါသူ့ကိုမမြင်ရတဲ့အတွက် ငါ့ဘဝနဲ့ပေးဆပ်မယ်"
"ဝမ်စီတေး... နင်သေချင်လို့လား!?"
သတ်လတ်ပိုင်းလူကြီး ဒေါသတကြီးနဲ့ ကောင်းကင်ပေါ်ကို လက်သီးတစ်ချက်ထိုးထုတ်လိုက်ပါတယ်။ကမ္ဘာကြီးတစ်ခုလုံးက အေးခဲသွားပုံရကာ စက္ကန့်အနည်းငယ်အကြာမှာတော့ လေဟာနယ်က ပြိုကွဲသွားခဲ့ပါပြီ။
ČTEŠ
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Akčníအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...