အပိုင်း_252_မြေအောက်အကျဉ်းထောင်ထဲကမျိုးနွယ်ခြားများ
သန့်စင်ခြင်းလမ်းကိုးပါးစေတီဆီကိုလျှောက်လှမ်းနေရင်း ရှေးဟောင်းဝိညာဉ်ကျွန်က ခနရပ်ပြီး အယူမှားမျိုးနွယ်ခြားတွေကို တစ်ချက်ကြည့်ကာ ချူးယွန်ကို တီးတိုးပြောလိုက်တယ်။
"သခင်လေး ၊ ကျုပ်ခင်ဗျားတို့ကို အဓိကသန့်စင်ခြင်းလမ်းကိုးပါးစေတီဆီ ပို့ဆောင်ပြီးပြီ..."သူတို့က သန့်စင်ခြင်းလမ်းကိုးပါးစေတီရှိရာကိုသွားချိန်မှာ နတ်ဘုရားစွမ်းရည်နယ်ပယ်ကျွမ်းကျင်သူတွေအများကြီးရှိနေခဲ့ပြီး သူတို့ရဲ့မျက်နှာအမူရာတွေကလည်း ထူးခြားတယ်။ရှေးဟောင်းဝိညာဉ်ကျွန်ရဲ့ခွန်အားကိုသာ ကြောက်မနေရင် သူတို့ကိုပြေးဝင်တိုက်ခိုက်နေလောက်ပါပြီ။
ဝိညာဉ်သစ်ပင်ရဲ့မျက်နှာက အနည်းငယ်ရုပ်ဆိုးနေလို့ပါ။သန့်စင်ခြင်းကျွန်းပေါ်ကိုရောက်မှ သူ့ရဲ့အရင်အတွေးတွေက ဘယ်လောက်ရယ်စရာကောင်းတယ်ဆိုတာ သိလာခဲ့ရတယ်။
ကျွန်းပေါ်မှာ ဒါဇင်နဲ့ချီတဲ့ နတ်ဘုရားစွမ်းရည်နယ်ပယ်တွေရှိနေကြပြီး လူတိုင်းက လူသတ်ငွေ့တွေပြင်းထန်စွာထွက်ပေါ်နေကာ သူတို့ကို တစ်စစီလုပ်ပြစ်ချင်ကြတာသိသာတယ်။
ရှေးဟောင်းဝိညာဉ်ကျွန်သာမရှိရင် သူတို့အနေနဲ့ ကျွန်းပေါ်ကိုရောက်လာရင်တောင် သန့်စင်ခြင်းလမ်းကိုးပါးစေတီဆီကိုရောက်အောင်လာနိုင်မယ်မဟုတ်ပါဘူး။
ချူးယွန်မျက်မှောင်ကြုတ်ရင်း မဝေးတော့တဲ့နေရာရှိ သန့်စင်ခြင်းလမ်းကိုးပါးစေတီဆီကို တုန်လှုပ်စွာ လှမ်းကြည့်လိုက်ပါပြီ။
အနားရောက်လာမှပဲ ကြီးမားကျယ်ပြန့်တဲ့သန့်စင်ခြင်းလမ်းကိုးပါးစေတီကိုသေချာခံစားကြည့်ရှုလိုက်ရတယ်။
သန့်စင်ခြင်းလမ်းကိုးပါးစေတီက နတ်ဘုရားကျောက်တိုင်ကြီးအလား အဆုံးမဲ့အော်ရာတွေကိုထွက်ပေါ်နေကာ မိုးနဲ့မြေကို ထောက်ပံ့ပေးထားတယ်လို့ ထင်ရစေတယ်။
သန့်စင်ခြင်းလမ်းကိုးပါးစေတီမှာ ဝင်ပေါက်မရှိပဲ တစ်ခုထဲသောဝင်ပေါက်က မြေအောက်ကိုဆင်းသွားတဲ့ အနက်ရောင်လှေကားပါ။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...