အပိုင်း_354_မင်းသူ့ကိုပစ်မှားလို့မရဘူး

428 36 0
                                    

အပိုင်း_354_မင်းသူ့ကိုပစ်မှားလို့မရဘူး

"အကိုကျောက်... ခင်ဗျားဘာပြောတာလဲ? ငါ့ကို
ဂရုမစိုက်ဖို့ ပြောနေတာလား?"

ဓါးကိုင်အစောင့် လက်မခံနိုင်ဟန်နဲ့ ပြောလိုက်တယ်။သူက ပြင်းထန်စွာကြည့်ပြီး ချူးယွန်ကို
ပြန်ကြည့်လိုက်တယ်။
"သူက သခင်လေးတုံကို ဒဏ်ရာရစေခဲ့တယ်လေ... အဓိကမြို့တော်အစောင့်ဖြစ်တဲ့ ကျုပ်က
ဒီအတိုင်းကြည့်နေရမှာလား?"

"ထားလိုက်စမ်းပါကွာ... သခင်လေးတုံကိုသာ
ကုသဖို့အရင်ခေါ်သွားစမ်းပါ... ငါနောက်မှ မင်းကို
ရှင်းပြပါ့မယ်"
အကိုကျောက်ဆိုသူက သူနဲ့
အချိန်မဖြုန်းချင်တော့တဲ့အလား
ချက်ချင်းလှည့်ထွက်သွားခဲ့ပါပြီ။

ထိုအစောင့်အံကြိတ်လိုက်ပြီလေ။သူက ချူးယွန်ကို အပြစ်ပေးချင်ပေမယ့် အမိန့်ကို
မနာခံပဲနေလို့မရပါဘူး... သူချာခနဲလှည့်ပြီး တန်းတုံကိုကူညီဖို့ ပြင်ဆင်လိုက်ရပါပြီ။

အပြန်လမ်းမှာတော့ ထိုအစောင့်က အလွန်ဒေါသထွက်နေခဲ့ပါတယ်။သူက ဒေါသကို ဖိနှိမ်ရင်း မေးလိုက်တယ်။
"အကိုကျောက်... သူက ဌာနချူပ်က သခင်လေးတစ်ယောက်မဟုပ်ဘူးထင်တယ်... ဘာလို့သူ့ကို အရမ်းကြောက်နေရတာလဲ? သူတိုက်ခိုက်ခဲ့တာက
သခင်လေးတုံလေ... ပြီးတော့ ကျုပ်တို့ရှေ့တင်ဖြစ်ခဲ့တာ... ဒါက သူ ကျုပ်တို့ကို မျက်စေ့ထဲထည့်မထားဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ!"

အကိုကျောက် သူ့ကို ပုခုံးတစ်ချက်ပုတ်ပြီး ရှင်းပြလိုက်တယ်။
"သူက... မင်းသူ့ကို ပစ်မှားလို့ မရဘူး"

ခနရပ်သွားပြီးနောက် အကိုကျောက်ဆက်ပြောပါတယ်။
"သူ့ကို ချူးယွန်လို့ခေါ်တယ်... သူက ဌာနချူပ်က သခင်လေးတစ်ယောက်မဟုပ်ပေမယ့် သူ့အဆင့်အတန်းက သခင်လေးတွေထက် မနိမ့်ဘူး... သူက သန့်စင်ခြင်းလမ်းကိုးပါးစေတီရဲ့ သခင်အသစ်ပဲ... သူက ဧကရာဇ်တန်းရဲ့ အာရုံစူးစိုက်မှုကို ခံထားရတဲ့ လူတစ်ယောက်ဆိုလဲမမှားဘူး... သူက ဒဏ်ရာရစေတာအသာထား
တန်းတုံကိုသတ်လိုက်ရင်တောင် ဧကရာဇ်တန်းက
ဘာမှလုပ်မှာမဟုပ်ဘူး!"

ဒါကိုကြားတော့ အစောင့်ရဲ့မျက်နှာအမူဂာ ပြောင်းလဲသွားခဲ့ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ حيث تعيش القصص. اكتشف الآن