အပိုင်း_228_သိုသိုသိပ်သိပ်မနေချင်ဘူး
ဒါက ချူးယွန် မိုးကြိုးနဂါးရဲ့လျို့ဝှက်ချက်တွေကိုနားလည်ပြီးနောက် ပထမဆုံးအကြိမ် အသုံးပြုတပါ။
နယ်ပယ်တူချင်းသာဆိုရင်ချူးယွန် ဒီလောက်အလုပ်ရှုပ်နေမှာမဟုတ်ပဲ သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့တင်အနိုင်ယူနိုင်ပါတယ်။ဒါပေမယ့် စုန့်ကျိုးက သာမန်လူတစ်ယောက်မဟုတ်ဘူးလေ။သူက စစ်မှန်သောစွမ်းအားနယ်ပယ်အဆင့်တစ်ဆယ်ကိုရောက်နေပြီး ရွှမ်းဝူနယ်ပယ်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာမဟုတ်လား။
ရှစ်စွန်းရွှေခရမ်းတူသိုင်းဝိညာဉ်ကလည်း အတော်အစွမ်းထက်တဲ့သိုင်းဝိညာဉ်ဖြစ်ပြီး သူ့ရဲ့အင်အားကအလွန်ကြီးမားပါတယ်။
သူ့ရဲ့စွမ်းအားတွေအပြည့်အဝအသုံးပြုလာရင် ခန္ဓာကိုယ်သန့်စင်သူသိုင်းပညာရှင်တောင် သက်သာမှာမဟုတ်ပါဘူး။
ချူးယွန်က အဆင့်ပိုမြင့်သူတွေကိုတိုက်ခိုက်နိုင်ပေမယ့် အခုအဆင့်ကွာဟချက်က ကြီးမားလွန်းနေတယ်လေ။
စွမ်းအင်လှိုင်းကြီးတွေက ကြောက်စရာအရှိန်အဝါအော်ရာတွေကိုသယ်ဆောင်လို့ အတားဆီးနားကိုချဉ်းကပ်လာခဲ့ပါပြီ။
ထိုစွမ်းအင်လှိုင်းတွေရဲ့ကြောက်စရာအင်အားကိုခံစားမိတဲ့ တပည့်တွေရဲ့မျက်နှာတွေက ထိတ်လန့်တုန်လှုပ်မှုတွေပေါ်လာခဲ့တယ်။
"ဒါကကြောက်စရာကောင်းလိုက်တာ"
"လျို့ဝှတ်အကာကွယ်ပုံစံကိုတော့ ကျော်ဖြတ်မလာနိုင်လောက်ပါဘူး"
"တော်သေးတာပေါ့ ကံကောင်းလို့"
များပြားတဲ့တပည့်တွေသက်ပြင်းချလိုက်မိကြတယ်။
စစ်မှန်သောစွမ်းအားနယ်ပယ်အဆင့်သုံးက လူငယ်တစ်ယောက်အတွက် ဒီလိုအင်အားမျိုးထုတ်ဖော်နိုင်တာက အလွန်ကြောက်စရာကောင်းပါတယ်။
သူကဘယ်သူလဲ၊ ဒီနေ့မတိုင်ခင်ထိ သူ့နာမည်ကိုဘာလို့မကြားဖူးရတာလဲ?
ကျီအန်းယွင်ဒါကိုမြင်တော့ အလွန်အံ့အားသင့်သွားခဲ့ပါပြီ။
"မကောင်းတော့ဘူး"
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...