အပိုင်း 316 လူရှမ်ချင်း_ခွေးအိုကြီး
ကျီအန်းယွင် ခန်းမထဲက ထွက်လာပြီးနောက် အပြင်ဘက် မြက်ခင်းပြင်မှာ လူသုံးယောက်ရပ်နေတာကို တွေ့လိုက်ရပါပြီ။
ခန္ဓာကိုယ်တစ်ခုလုံးကနေ အေးစက်စက်အော်ရာတွေ ထွက်ပေါ်နေတဲ့ စီတုပင်ဟဲ...
ခိုင်မာပြတ်သားတဲ့ မျက်လုံးအစုံနဲ့ အရှုံးမပေးတတ်တဲ့ ကျန်းရီချူး...
စိတ်ဓါတ်ကြံ့ခိုင်ပြီး လှပတဲ့မျက်နှာပိုင်ရှင် ယန်ရှောင်...
"စီနီယာအမကျီအန်း... အခုလေးတင် ဂိုဏ်းချူပ်အသံကို ကြားလိုက်ရတယ်... သူစိတ်ဆိုးနေတဲ့ပုံပဲ... ဘာဖြစ်တာလဲ?"
ကျီအန်းယွင်ထွက်လာတာမြင်တော့ ယန်ရှောင်က အရင်ဆုံးလျှောက်သွားပြီလေ... သူမရဲ့မျက်လုံးတွေထဲမှာ စိုးရိမ်တဲ့အရိပ်ငွေ့တွေ ဖြတ်သန်းသွားခဲ့ပါတယ်။စီတုပင်ဟဲ နဲ့ ကျန်းရီချူး တို့လည်း ခေါင်းလှည့်လာပြီး သတင်းကောင်းများ ကြားချင်တဲ့အလား ကျီအန်းယွင်ကို ကြည့်လိုက်ကြပါပြီ။
ကျီအန်းယွင်က သူတို့ရဲ့အကြည့်တွေကို ရင်မဆိုင်နိုင်သလို ခေါင်းအသာငုံ့ကာ သက်ပြင်းချရင်း ပြောလိုက်ပါတယ်။
"မျိုးစေ့ပါဝင်သူနေရာက ချူးယွန်အတွက်ပဲ... သူပြန်မလာဘူးဆိုရင် ငါတို့လေးယောက်ပဲတိုက်ခိုက်ရမယ်!"ကျီအန်းယွင်ရဲ့ စကားကိုကြားပြီးနောက် ကျန်းရီချူးရဲ့ မျက်လုံးထဲမှအလင်းတွေက အနည်းငယ်မှေးမှိန်သွားကာ တိတ်တခိုး သက်ပြင်းချလိုက်တယ်။
"ချူးယွန်က ပြန်လာမယ်လို့ပြောခဲ့တယ်လေ"
စီတုပင်ဟဲကတော့ သံသယမဝင်ခဲ့ပါဘူး... တစ်ကယ်လို့ ချူးယွန်အပေါ်မှာ အယုံကြည်ဆုံးသူကိုပြပါဆိုရင် သူက အဖြစ်နိုင်ဆုံးပဲ။ချူးယွန်က လူခွန်းမင်ကို လက်သီးတစ်ချက်ထဲနဲ့ သတ်လိုက်ကထဲက စီတုပင်ဟဲအနေနဲ့ သူတို့ကြားက ကွာဟချက်ကို လုံးဝခံစားခဲ့ရပါတယ်။
ရွှမ်းဝူနယ်ပယ်ချင်း အတူတူပဲဆိုပေမယ့် ချူးယွန်ရဲ့ခွန်အားနဲ့ နည်းလမ်းတွေအရ သူ့ကိုအလွယ်လေးသတ်ပစ်နိုင်တယ်!
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...