အပိုင်း_351_နင်ငါ့ကိုဘာလို့အရှုံးမပေးရမှာလဲ?
"ဝုန်း!"
တန်းဇီရှန်းရဲ့ စကားလုံးတွေက
ကြည်လင်နေတဲ့ကောင်းကင်မှ ရုတ်တရက်
မိုးကြိုးမုန်တိုင်းတွေ ဆင်းသက်လာတဲ့အလား....တန်းယောက်ကျီရဲ့မျက်နှာက မူလကတော့
အပြုံးတွေနဲ့ပြည့်နေပေမယ့် ချက်ချင်း
အေးခဲသွားခဲ့ပါတယ်။သူ့မျက်လုံးသူငယ်အိမ်တွေက ကျဉ်းမြောင်းသွားကာ သူ့နဖူးက ချွေးစေးတွေ
စီးကျလာခဲ့ပါပြီ။သူ အနောက်ကို ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ပြီး အသက်ရှုတွေပါ မြန်ဆန်လာခဲ့ပြီလေ။
တန်းဇီရှန်းကိုယ်က သတ်ဖြတ်ချင်စိတ်တွေက
အရိုးထဲထိ အေးစိမ့်သွားစေပြီး တန်းယောက်ကျီကို
မသက်မသာခံစားရစေတယ်။"နင်... နင်သိသွားပြီလား?"
တန်းယောက်ကျီက တန်းဇီရှန်းရဲ့
ပုံစံကိုသိပါတယ်... သူမက ယုံကြည်မှုရှ်ိစွာ
ပြောဆိုနေတာက ဖြစ်ပျက်ခဲ့သမျှအားလုံးကို
အချိန်အတော်ကြာထဲက သိနှင့်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ..."အဲဒီတုန်းက... ဆယ်မိုင်ဝါးတောထဲကနေ
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ထွက်မလာစေချင်ခဲ့ဘူး... ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲမှာ ငါက နင့်ကို ခြိမ်းခြောက်လာမှာကို ကြောက်ရွံ့လို့ပဲ...
ဟုပ်တယ်မဟုပ်လား?""ဒီပူးပေါင်းမှုက အောင်မြင်မှာမဟုပ်ဘူး...
အခုကစပြီး ငါ့အတွက်ပဲလုပ်မယ်!
တန်းယောက်ကျီ... တန်းယောက်ကျီ...
လျို့ဝှတ်ကြံစည်ဖို့ဆိုရင်
နင်ပိုပြီးလေ့လာဖို့ လိုနေသေးတယ်နော!"
တန်းဇီရှန်းရဲ့ လှပတဲ့မျက်နှာလေးပေါ်မှာ
လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ဘာတွေဖြစ်နေတယ်ဆိုတာ သူမက
သိနေပြီးသားပဲလေ... သူမ အစောပိုင်းတုန်းက
မသိချင်ယောင်ဆောင်နေတာက တန်းယောက်ကျီ ဘယ်လိုလှုပ်ရှားလာမယ်ဆိုတာ သိချင်လို့ပါ။ကြည့်ရသလောက်တော့ တန်းယောက်ကျီ
လုံးဝအရှက်ကွဲသွားခဲ့ပြီပဲ...သူမ ဆယ်မိုင်ဝါးတောထဲမှာ အကျဉ်းကျနေချိန် တန်းယောက်ကျီက အစမှအဆုံးထိ
အခြေနေအရပ်ရပ်ကို စုံစမ်းပြီး သူမ
အပြင်ပြန်ထွက်မလာနိုင်အောင် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့တယ်လေ။
သူမသာ မိသားစုပြိုင်ပွဲမှာ ဝင်ပါရင် သူ့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာမယ်ဆိုတာ သူသိနေခဲ့တယ်မဟုပ်လား။
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...