အပိုင်း 320 သွေးကြွေးကိုသွေးနဲ့ဆပ်မယ်

404 35 0
                                    

အပိုင်း 320 သွေးကြွေးကိုသွေးနဲ့ဆပ်မယ်

ဒီနောက်တိုက်ခိုက်ကြတာက အာတီရှိုန်ပါ... သူတို့က အလွန်ထူးခြားပြီး သုံးပွဲတိတိဆက်တိုက်နိုင်ခဲ့ကြတယ်လေ။ဒါပေမယ့် သူတို့ရဲ့အရှိန်အဟုန်က အတွေးပုံရိပ်ဂိုဏ်းထက် ပိုမြန်ဆန်ခဲ့ကာ ဒါက အံ့အားသင့်စရာကောင်းလွန်းပါတယ်။

ဒီအခါမှာတော့ စစ်သည်တော်အများပြားက ကြောက်လန့်တကြားဖြစ်သွားကြပါပြီ။

"အာတီရှိုန်က မဟာဂိုဏ်းကြီးအဖြစ် အဆင့်တက်ဖို့ အလားလာရှိနေတဲ့ ဂိုဏ်းအဖြစ် တစ်ကယ်ထိုက်တန်တယ်... သူတို့အဓိကတပည့်တွေရဲ့ခွန်အားကလဲ ခန့်မှန်းမရနိုင်ဘူး"

"အရင်ကတော့ အတွေးပုံရိပ်ဂိုဏ်းကို အတော်သန်မာနေပြီထင်ထားတာ အခုကြည့်ရသလောက်တော့ အာတီရှိုန်နဲ့ယှဉ်ဖို့ အများလိုသေးတာပဲ"

"အတွေးပုံရိပ်ဂိုဏ်းနဲ့ အာတီရှိုန်က ပြိုင်ဘက်တွေဆိုတော့"

များပြားတဲ့ သိုင်းပညာရှင်တွေက ချီးကျူးစကားတွေ ပြောခဲ့ကြပါတယ်။

အစွမ်းထက်မိသားစုတွေကလဲ တလက်လက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြပါပြီ။

မျက်စေ့တစ်မှိတ်အတွင်းမှာပဲ တစ်ရက်ကုန်သွားခဲ့ပြီလေ။

နောက်တစ်နေ့...

"ကျူပ်တို့ အရှုံးပေးလိုက်သင့်တယ်... မျှော်လင့်ချက်သိပ်မရှိပဲ တိုက်ခိုက်နေတာက တပည့်လေးတွေကို ထိခိုက်စေလိမ့်မယ်"
နန်းတော်အတွင်းမှာ ကြိုးကြာဖြူမဟာအကြီးအကဲက အလွန်လေးနက်တဲ့မျက်နှာနဲ့ ရှ်ိနေလို့ပါ...

ကျိဝူမင်က အချိန်တော်ကြာတွေးဆနေပြီး နောက်ဆုံးမှာ ခေါင်းကိုခါယမ်းလိုက်ပါတယ်။
"အာတီရှိုန်က ငါထင်ထားတာထက်ပိုကြမ်းနေတယ်... ဒါပေမယ့် ငါစောင့်နေချင်သေးတယ်... ဒီနေ့ ချူးယွန်ပြန်ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ?"

"ဂိုဏ်းချူပ်!"
ကြိုးကြာဖြူမဟာအကြီးအကဲရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ ပြည့်နှက်နေပြီး ပြောလိုက်တယ်။
"ချူးယွန်ပြန်လာတဲ့အထိ ဘယ်လောက်ကြာအောင် စောင့်ဆိုင်းနေရမှာလဲ? ရှောင်ကလန်က သူ့ကိုသတ်ဖို့အမိန့်ထုတ်ထားတာကို ချူးယွန်ပြန်လာချင်ရင်တောင် ဘယ်လိုလာနိုင်မှာလဲ? နောက်ဆုံးနေ့အထိ ဒီအခွင့်ရေးသေးသေးလေးကို လောင်းကြေးထပ်ချင်နေတာလား?"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ حيث تعيش القصص. اكتشف الآن