အပိုင်း_377_ဝမ်ချန်းရင်ရဲ့အတွေး

437 40 0
                                    

အပိုင်း_377_ဝမ်ချန်းရင်ရဲ့အတွေး

တန်းဇီရှန်း ခေါင်းမော့ကာ ဧကရာဇ်တန်းကို နက်ရှိုင်းစွာကြည့်လိုက်ပါတယ်။

သူမဘက်က ဧကရာဇ်တန်းကို အကူညီပေးဖို့မပြောသ၍ ကူညီဖို့စတင််မယ်မဟုပ်တာ သူမသိပြီးသားပါ။

သူက သူမဘက်ကစကားစလာမှာကို စောင့်ဆိုင်းနေတာလေ။

သူမကသာ အကူညီတောင်းရင် ဧကရဇ်တန်းက တန်းဟွာရန်ကိုကူညီဖို့ ထိပ်တန်းအဆင့်ဆေးလုံးတွေကို တစ်ကယ်ပဲပေးပါလိမ့်မယ်... ဒါပေမယ့် ဒီလိုဆိုရင် သူ့အပေါ်မှာ မျက်နှာသာကြွေးတင်သွားတော့မှာလေ!

တစ်ကယ့်မြေခွေးအိုကြီးပါပဲ...

အကျိုးကျေးဇူးနဲ့ပတ်သတ်ရင် မိသားစုရဲ့ချစ်ခြင်းမေတ္တာကို သူဂရုမစိုက်ဘူး!

ဒါပေမယ့် တန်းဇီရှန်းကတော့ ဂရုစိုက်တယ်။

တစ်ကယ်လို့ သူမသာခံစားချက်တွေကို ဂရုမစိုက်ရင် တန်းယိကျီက တန်းဟွာရန်ကိုသတ်ဖို့ကြိုးစားတဲ့အခါ သူမ ထိုင်ကြည့်နေခဲ့ပါ့မလား...

"သွားကြမယ်"
တန်းဟွာရန်ကိုခေါ်ပြီး ချူးယွန် ပြောလိုက်တယ်။
"သူ့နှလုံးသားထဲက ကလဲ့စားချေချင်စိတ်က ဒီလောက်ထိကြီးမားနေမယ်လို့ ထင်မထားခဲ့မိဘူး... သူ့ရဲ့တိုက်ခိုက်မှုတွေက ငါ့ကိုတောင်ကြောက်သွားစေတယ်!"

"ဒါပေမယ့် မစိုးရိမ်ပါနဲ့... ဒီပြိုင်ပွဲပြီးရင် ငါသူ့ကိုပြောင်းလဲပေးလိုက်တော့မှာ!"
ချူးယွန် လျို့ဝှတ်ဟန်နဲ့ တန်းဇီရှန်းက တစ်ခုခုများမေးလာမလားဆိုပြီး စောင့်နေလို့ပါ။

မမျှော်လင့်ပဲ တန်းဇီရှန်းက တိတ်ဆိတ်နေခြင်းနဲ့ သူ့ကို ပြင်းထန်စွာထိုးနှက်လိုက်တယ်လေ။

နင်ဂရုမစိုက်ရင်တောင် ငါ့ကို မျက်နှသာနည်းနည်းမပေးနိုင်ဘူးလား!

ထွက်ခွာသွားတဲ့တန်းဇီရှန်းရဲ့ နောက်ကျောကိုကြည့်ရင်း ဧကရာဇ်တန်းကူကယ်ရာမဲ့နေခဲ့လို့ပါ။

တန်းဇီရှန်းက သူ့သမီးလေးနဲ့ သူမရဲ့ဒေါ်လေးနဲ့ ဆင်တူပါတယ်။

ဧကရာဇ်တန်းက တန်းဟွာရန်ကိုကူညီနိုင်ခဲ့ပေမယ့် သူက မလှုပ်ရှားခဲ့ဘူးလေ... တန်းဇီရှန်းက သူ့ကို အကူညီတောင်းပြီး ထိပ်တန်းအဆင့်ဆေးလုံးတွေ တောင်းခံလာမှာကို သူစောင့်နေခဲ့တာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Tahanan ng mga kuwento. Tumuklas ngayon