အပိုင်း_305_မှော်ပုလဲအတွင်းမှနဂါးဝိညာဉ်

462 41 0
                                    

အပိုင်း_305_မှော်ပုလဲအတွင်းမှနဂါးဝိညာဉ်

အစောပိုင်း ချူးယွန်ဒေါသထွက်တာက တစ်ကယ့်ကိုတအားဒေါသထွက်သွားခဲ့ရတာပါ... သူထုတ်ဖော်ခဲ့တဲ့ ခံစားချက်တွေကလဲ အစစ်အမှန်ပါပဲ...

"နင် ရှောင်ထျန်းချန်ကို သတ်လိုက်တာလား?"
တန်းဇီရှန်းရဲ့ မျက်နှာအမူရာက နောက်ဆုံးမှာတော့ အနည်းငယ် ပြောင်းလဲသွားခဲ့ပါပြီ။

ချူးယွန် ခေါင်းညိမ့်ပြကာ ဆက်ပြောလိုက်တယ်...
"အင်း... ငါ့မိသားစုကိုသတ်မယ်ဆိုပြီး သူခြိမ်းခြောက်တယ်... ဒါကြောင့် ငါသူ့ကို အလွတ်မပေးနိုင်ဘူး"

တန်းဇီရှန်း ခနစဉ်းစားပြီး ‌ခေါင်းညိမ့်လိုက်တယ်။
"ရှောင်ထျန်းချန်ကို နင်သတ်လိုက်ပြိဆိုမှတော့ နင်မပတ်ချင်ရင်တောင် မရတော့ဘူး"

"ဒါကြောင့်မို့ပါ... အခု နင်ပြောပြလို့ရပြီလား?"
ချူးယွန် သိုလှောင်လက်စွပ်အတွင်းမှ လက်ဖက်ရည်အိုးနဲ့ ခွက်သုံးခွက်ထုတ်ယူကာ ငှဲ့ထည့်လိုက်တယ်။

"ငါနင့်အကူအညီလိုအပ်တယ်"
တန်းဇီရှန်း ချူးယွန်ကို တည့်တည့်ကြည့်လိုက်တယ်။သူမရဲ့ ခံစားချက်အမှန်ကို ဖုံးကွယ်ထားခြင်းမရှိတော့ပါဘူး။

"ငါအားနည်းနေခဲ့တာက ငါ့သိုင်းဝိညာဉ်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုကို ခံနေရလို့ပဲ... နင်သိမှာမဟုတ်ပေမယ့် ငါ့သိုင်းဝိညာဉ်က မှော်ပုလဲလုံးလေး... ငါတန်ပြန်မှုကိုခံစားခဲ့ရတာကတော့ ငါ့သိုင်းဝိညာဉ်ထဲမှာ အစစ်အမှန်နဂါးတစ်ကောင်ရဲ့ဝိညာဉ် အကျဉ်းကျနေတယ်! ဒီအစစ်အမှန်နဂါးဝိညာဉ်ကို အလွန်ထူးချွန်တဲ့ကျွမ်းကျင်သူတစ်ဦးက ငါ့သိုင်းဝိညာဉ်ထဲ ထည့်ပေးခဲ့တာ! ဒါကြောင့် ငါ့သိုင်းဝိညာဉ်က အဆင့်သုံးဆင့်နိမ့်ကျသွားတယ်!"

တန်းဇီရှန်း မျက်မှောင်ကြုတ်ကာ သူမရဲ့ ကျောက်စိမ်းလိုလက်ကလေးကို ဆန့်ထုတ်လိုက်ပြီလေ။ သုံးရောင်ခြယ်မှော်ပုလဲက သူမရဲ့လက်ဝါးပေါ်မှာ တိတ်ဆိတ်စွာတည်ရှိနေလို့ပါ။

"‌ဒီမှော်ပုလဲကို ဒြပ်စင်သုံးပါးမှော်ပုလဲလို့ခေါ်တယ်... ဒါနိုးထလာစကဆိုရင် ကောင်းကင်အဆင့်ခုနှစ်ရှိတယ်လေ!"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Wo Geschichten leben. Entdecke jetzt