အပိုင်း_271_ချူးယွန်ရဲ့ရည်မှန်းချက်
ဒါကိုမြင်တော့ ချူးယွန်တုန်လှုပ်သွားကာ ကူဟုန်ကို ပြန်ထဖို့ဖေးမပေးလိုက်ပါတယ်။
"ဉီးလေးကူဘာလုပ်တာလဲ၊ ကျွန်တော်က ကိုယ်လုပ်သင့်တာကိုပဲလုပ်ခဲ့တာပါ"ကူဟုန်ရဲ့ခန္ဓာကိုယ်က ငါးမီတာခန့်မြင့်ကာ ဒူးထောက်နေတာတောင်မှ ချူးယွန်ထက်မြင့်ပါသေးတယ်။
"မင်းက ဒဏ္ဍာရီထဲကလူတစ်ယောက်ဖြစ်ပြီး ငါတို့မျိုးနွယ်စုကို ကယ်တင်ခဲ့တယ်... မင်းကြောင့်သာမဟုတ်ရင် အပျက်ဆီးနယ်မြေက မဟာချင်အင်ပါယာကြောင့် ပျက်ဆီးသွားတော့မှာ"
ကူဟုန်ရဲ့မျက်နှာက တည်ကြည်လေးနက်နေလို့ပါ။သူ့အနောက်က ရှီကျူးနဲ့ရွှေလူရိုင်းတို့ကလည်း ချူးယွန်ကို ဦးညွှတ်အရိုသေပြုလိုက်ကြပါပြီ။
"ဘာတွေဖြစ်နေတာလဲ?"
"မာရှယ်နီကို တပ်မှုးကသတ်လိုက်တာမဟုတ်ဘူးလား?"
အချို့ လူတွေက စိတ်ရှုပ်ထွေးစွာပြောလိုက်ကြပါတယ်။
ဒီကောင်လေးက စစ်မှန်သောစွမ်းအားနယ်ပယ်မှာပဲရှိသေးတာမဟုတ်ဘူးလား၊ ကျင့်ကြံခြင်းအဆင့်ဖိနှိမ်ခံရရင်တောင် နတ်ဘုရားစွမ်းရည်နယ်ပယ်မာရှယ်နီကို ဘယ်လိုသတ်နိုင်မှာလဲ?
ချူးယွန်အနည်းငယ်ပြုံးလိုက်ပါတယ်။သူက နှိမ့်ချနေချင်ပေမယ့် ကူဟုန်က ရုတ်တရက်ကြီးထုတ်ဖော်ပြောဆိုလာလိမ့်မယ်လို့ထင်မထားခဲ့ဘူး။
"အဲဒီအချိန်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါရှင်းပြပါရစေ"
"မာရှယ်နီက ခန္ဓာကိုယ်သန့်စင်သူဆိုပေမယ့် သူ့ရဲ့ခွန်အားအမှန်ကိုလျို့ဝှတ်ထားခဲ့တယ်... သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက အတော်သန်မာပြီး ကျင့်ကြံခြင်းကိုဖိနှိမ်ခံထားရချိန်မှာတောင် သူက ငါတို့ကိုသတ်နိုင်သေးတယ်"
"ရွှေလူရိုင်းရဲ့ခေါင်းဆိုရင် မာရှယ်နီရဲ့လက်သီးချက်နဲ့ ပြုတ်ထွက်မလိုဖြစ်သွားတာ... "
"ဒီတော့မှ မာရှယ်နီဘာကြောင့်ယုံကြည်မှုတွေရှိနေတယ်ဆိုတာ ငါသိလိုက်ရတာ... ငါတို့တွေအန္တရာယ်များနေချိန်မှာပဲ ချူးယွန်ပေါ်လာခဲ့တယ်လေ..."
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...