အပိုင်း_208_ရှုပ်ထွေးတဲ့တိုက်ပွဲ
"ငါမင်းကိုမိအောင်ဖမ်းပြီး အရေခွံဆုပ်ပြမယ်"
နတ်ဆိုးည ဒေါသထွက်လာခဲ့ပါပြီ။သူဒဏ်ရာရတာကိုစိတ်မဆိုးပါဘူး၊ ထိုအကောင်က သူ့ရဲ့အံ့မခန်းအမြန်နှုန်းနဲ့ သူ့ကိုကစားစရာလိုလုပ်နေတာကို ဒေါသထွက်လာခဲ့တာပါ!သူက တိုက်ပွဲတစ်ခုမှာရှုံးနိမ့်နိုင်တယ်... ဒါပေမယ့် ဂုဏ်သိက္ခာကိုတော့ စော်ကားလို့မရဘူး!
"မင်းငါ့ကိုဖမ်းနိုင်တဲ့အထိစောင့်ပါဦး!"
ဝူယောက် သက်တောင့်သက်သာ နတ်ဆိုးညရဲ့လက်ဝါးကိုရှောင်တိမ်းလိုက်တယ်... သူ့စိတ်ထဲမှာတွက်ထားတာက နတ်ဆိုးညအနေနဲ့ သူ့ရဲ့မာကျောကြံ့ခိုင်မှုကအချိန်ပြည့်ရှိနေမှာမဟုတ်ပဲ အားနည်းလာချိန်ရှိလိမ့်မယ်ပေါ့။ဒီအချိန်ထိ တဖြည်းဖြည်းချင်းသူ့ကို သတ်ဖြတ်သွားမယ်လေ။နတ်ဆိုးညရဲ့မျက်လုံးတွေက မီးတောက်မီးလှံတွေနဲ့အတူ မြန်ဆန်စွာရှေ့ခြေတစ်လှမ်းလှမ်းပြီး ဝူယောက်ကို လက်သီးနဲ့ထိုးချလိုက်ပြီလေ... သူ့အနောက်မှာရှိတဲ့ ကမ္ဘာမြေဝက်ဝံကြီးကလည်း ကြမ်းတမ်းစွာအော်ဟစ်ရင်း နတ်ဆိုးညကို အံ့မခန်းခွန်အားကိုပေးစွမ်းတယ်။
"ဝုန်း "
လေထဲမှာပေါက်ကွဲသံကြီးထွက်ပေါ်လာကာ နတ်ဆိုးညရဲ့အော်ရာတွေက အဆမတန်မြင့်တက်လာပြီး အရှေ့ကိုပြေးတက်ကာ လက်သီးနဲ့ထိုးလိုက်ပုံက ရက်စက်ကြမ်းကြုတ်တဲ့သားရဲကြီး ဒေါသတကြီးနဲ့ပြေးလာတဲ့အလား...တဝုန်းဝုန်းပေါက်ကွဲသံတွေနဲ့အတူ ကြောက်မက်ဖွယ်စွမ်းအင်လှ်ိုင်းတွေက အနီးနားဝန်းကျင်ကိုဖုံးလွှမ်းနေလို့...
ဝူယောက် ပြိုင်ပွဲစင်ရဲ့ထောင့်စွန်းမှာပိတ်မိသွားခဲ့ပါပြီ။
ဒါပေမယ့် သူ့နှုတ်ခမ်းတွေက တွန့်ကွေးသွားကာ နတ်ဆိုးညကိုကြည့်ပြီး အထင်မြင်သေးစွာပြောလိုက်တယ်။
"ငါပြောခဲ့သလိုပဲ မင်းရဲ့အမြန်နှုန်းနဲ့ ငါ့ကိုဘယ်လိုမိအောင်ဖမ်းနိုင်မှာလဲ?""ဝှစ်"
ဝူယောက်ရဲ့ခန္ဓာကိုယ်ကို လေပြင်းတစ်ခုလွှမ်းခြုံသွားခဲ့ပြီလေ။အလွန်ကိုမြန်ဆန်စွာနဲ့ နတ်ဆိုးညဆီကိုတည့်တည့်ကြည့်ပြေးလွှားသွားခဲ့ပါတယ်။ရုတ်တရက် သူက အနက်ရောင်အရိပ်တစ်ခုအလား လေထဲမှာပျောက်ကွယ်သွားခဲ့ပါပြီ။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...