အပိုင်း_263_ကြီးမားတဲ့ရည်မှန်းချက်
မာရှယ်နီရဲ့စကားကိုကြားတော့ လီရင်ရဲ့မျက်နှာပေါ်မှာ ခက်ခဲတဲ့အမူရာတွေပေါ်လာခဲ့ပါပြီ။သူ့ပါးစပ်ကိုဖွင့်ပြီး ငြင်းဆန်ချင်ပေမယ့် လက်တွေ့မှာတော့ မလုပ်နိုင်ခဲ့ပါဘူး။
"မင်းရဲ့အကန့်သတ်ကိုမင်းသိထားပါ... မင်းက ငါနဲ့ညှိနှ်ိုင်းဖို့ အရည်ချင်းမရှိဘူး... ကူဟုန်ဆိုရင်တော့ တစ်မျိုးပေါ့"
"အပျက်ဆီးနယ်မြေကို လွယ်လွယ်နဲ့ရမှာမဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် ငါဂရုမစိုက်ဘူး... စစ်သားတွေအကုန်သေကုန်တော့ရောဘာဖြစ်လဲ၊ ငါနဲ့မပတ်သတ်ဘူး... ငါ့စိတ်ထဲမှာတော့ အပျက်ဆီးနယ်မြေဆိုတာက အချိန်တန်ရင် ငါတို့လက်ထဲကိုရောက်လာမယ့်အရာပဲ"
လီရင်ရဲ့ ခက်ခဲနေတဲ့မျက်နှာကိုမြင်တော့ မာရှယ်နီရဲ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုပေါ်လာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေက ဂရုမစိုက်ဟန်နဲ့...
လီရင်ရဲ့မျက်နှာက ဆယ်နှစ်စာလောက်ပိုအိုစာသွားပုံရပြီး ပြောလိုက်တယ်။
"မာရှယ်... ဒီလျို့ဝှတ်ပညာရပ်က ငါတို့မျိုးနွယ်ရဲ့အခြေခံအုတ်မြစ်ပါ""ငါ့ရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်"
မာရှယ်နီရဲ့အပြုံးကပျောက်ကွယ်သွားပြီး လောကကိုအုပ်စိုးထားတဲ့ရှင်ဘုရင်ဘုရင်တစ်ပါးလို ဟန်ပန်နဲ့လက်နှစ်ဖက်နောက်ပစ်ပြီး ပြောလိုက်တယ်။"ကောင်းပြီ၊ကောင်းပြီ၊ ငါကတိပေးတယ်မာရှယ်!"
လီရင်အသက်ပြင်းပြင်းရှုပြီး ဆန္ဒအတွက် အရှက်ကိုစွန့်လွှတ်လိုက်ပြီလေ။"ဒီလျို့ဝှတ်နည်းစနစ်က စွမ်းအင်နယ်ပယ်ကိုဖန်တီးပြီး စွမ်းအင်နယ်ပယ်အတွင်းမှာရှိတဲ့သူတိုင်းကို စွမ်းအင်ပျောက်ဆုံးစေလိမ့်မယ်... ဒါက အတော်အစွမ်းထက်ပေမယ့် အသုံးပြုသူအပေါ်မှာလည်း ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတယ်။အသုံးပြုသူက အခြားသူတွေလို စွမ်းအင်တွေအကုန်ဆုံးရှုံးသွားမှာမဟုတ်ပေမယ့် နယ်ပယ်ကွာခြားချက်ရှိရင် ဆန့်ကျင်ဘက်ရလဒ်ကိုဖြစ်ပေါ်စေနိုင်တယ်! အသုံးပြုသူက အစွမ်းမထက်ရင် လျို့ဝှတ်ပညာရပ်ကို အသုံးပြုတာနဲ့ ဖျက်ဆီးခံရနိုင်တယ်!"
လီရင် အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...