အပိုင်း_217_ဈေးနှုန်းနဲ့ရောင်းဖို့
"ဂိုဏ်းကနေ မင်းကို နှင်ထုတ်လိုက်တာက အရမ်းမှားတယ်... သူတို့က အမြင်မရှိ၊ အရောင်မတင်ရသေးတဲ့ကျောက်စိမ်းတုံးအကြောင်း မသိကြဘူး... ကျုပ်တို့အာတီရှိုန်ကိုသာ ဝင်လိုက်ရင် သူတို့ရဲ့မှားယွင်းမှုကို သက်သေပြလိုက်သလို ဖြစ်သွားမှာပဲ... အနာဂါတ် ကျုပ်တို့ရဲ့အာတီရှိုန်မှာရလာမယ့်အောင်မြင်မှုတွေနဲ့ သူတို့ကိုပါးရိုက်လို့ရပြီ"
တင်းမင်ခရဲ့စကားတွေက ဆွဲဆောင်နိုင်စွမ်းရှိကာ လူတစ်ယောက်ရဲ့နှလုံးသားကို တုန်ခါစေတယ်။
'တွေးကြည့်ရုံနဲ့တင် လူတစ်ယောက်ရဲ့သွေးတွေကို ဆူပွက်လာစေနိုင်တယ်'ချူးယွန် သေချာစဉ်းစားနေဟန် ခနကြာမှခေါင်းကိုခါယမ်းကာပြောလိုက်ပါပြီ။
"မဟုတ်ဘူး၊ ကျွန်တော်စောင့်ကြည့်ချင်သေးတယ်"တင်းမင်ခ ရုတ်တရက်ထရယ်လိုက်ပါတယ်။ပထမတော့ ချူးယွန်နဲ့ဆက်ဆံရတာလွယ်ကူမယ်ထင်ထားတာ၊ ကြည့်ရတာတော့ ဒီလိုဟုတ်ပုံမရပါဘူး။
သူစောင့်ကြည့်ချင်တာက ဈေးနှုန်းတွေတိုးတက်လာပြီး သူတို့ဂိုဏ်းထဲဝင်ရင် အကျိုးမြတ်ဘယ်လောက်ပေးနိုင်မယ်ဆိုတာကို သိချင်တယ်လို့ပြောလိုက်သလိုပါပဲ။
ချူးယွန်က ငယ်ရွယ်သေးပေမယ့် သူ့စိတ်ကတော့ တည်ငြိမ်တယ်။
"အင်း... အာတီရှိုန်ရဲ့အကြောင်းကို မင်းသေချာကြားဖူးမယ်ထင်ပါတယ်... ငါတို့က မဟာဂိုဏ်းကြီးတွေ၊ပြောရရင် ထိပ်တန်းအဆင့်ပေါ့ကွာ... အဲဒီအဆင့်ထိ ထိုးတက်နိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်။ငါတို့က ကျင့်ကြံခြင်းအရင်းမြစ်တွေကို မတွန့်တိုတတ်ပါဘူး။မင်းဝင်မယ်ဆိုရင် အရင်က ရရှိခဲ့ဖူးတာထက် အများကြီးပိုကောင်းတဲ့ အရာတွေကို ခံစားရစေမယ်ဆိုတာ ငါအာမခံနိုင်တယ်။ဆေးလုံး၊သိုင်းပညာ ဒါမှမဟုတ် ဝိညာဉ်ဆေးပင်လား... ဘာပဲဖြစ်ဖြစ် ရရှိနိုင်တယ်"
တင်းမင်ခ သူ့လက်ကိုဝေ့ယမ်းကာပြုံးရွှင်စွာနဲ့ ပြောလိုက်တယ်။
"ငါမင်းကို ကတိပေးနိုင်တာတစ်ခုက အဆင့်မြင့်အဆင့်ဆေးလုံးတစ်လုံးကိုတောင် လစဉ်ပေးနိုင်တယ်?"
CZYTASZ
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Akcjaအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...