အပိုင်း_352_ငါကမင်းတို့ပြောတဲ့သူ
"ပြီးပြီလား?"
ဝမ်ချန်းရင် အနည်းငယ်လှောင်ပြောင်ဟန်နဲ့ ပြုံးရင်း လျှောက်လှမ်းလာခဲ့ပါပြီ။
"စောနကလာသွားတာ တန်းယောက်ကျီဆိုတဲ့
ကလေးမဟုပ်လား? အလယ်ပိုင်းဒေသကြီးရဲ့
ကုန်းဇီဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့
ပြုံးရွှင်နေသောပညာရှင် တန်းယောက်ကျီက အတော်ကျော်ကြားတယ်...
"ဒီနေရာအတွက် ဘယ်သူမှ
တိုက်ခိုက်ချင်စိတ်မရှိလို့ပါ... မဟုပ်ရင်
သူ့အနေအထားနဲ့ ကုန်းဇီဆယ်ပါးထဲမှာ နေရာတစ်နေရာ ဘယ်လိုရနိုင်မှာလဲ?"
ဒါကိုတော့ တန်းဇီရှန်းက စိတ်မဝင်စားပါဘူး...တန်းမျိုးဆက်သစ်ထဲမှာ တန်းယောက်ကျီက ထိပ်တန်းငါးနေရာထဲမှာပဲ ရှ်ိတာပါ။
အဓိပ္ပာယ်ကတော့ သူ့ထက်ပိုသန်မာသူက
လေးယောက်ရှိနေပါသေးတယ်...သူ ကုန်းဇီဆယ်ပါးထဲမှာရှိနေတာက ဘယ်သူကမှ သူနဲ့ ယှဉ်ပြိုင်ချင်စိတ်မရှိလို့ပါပဲ...
"ကုန်းဇီဆယ်ပါး... အဲတာဘာလဲ?"
ချူးယွန် မေးလိုက်တယ်။သူကျင့်ကြံခြင်းလောကထဲရောက်တာ မကြာသေးလို့ တချို့ကိစ္စတွေကို သူမသိသေးပါဘူး..."ကုန်းဇီဆယ်ပါး... သူတော်စင်ကိုးပါး...
အုပ်ချူပ်သူခုနှစ်ပါးနဲ့ ဧကရာဇ်လေးပါးဆိုပြီး အလယ်ပိုင်းဒေသကြီးမှာ
အဆင့်သတ်မှတ်ထားကြတယ်... ကုန်းဇီဆယ်ပါးဆိုတာက......"ဝမ်ချန်းရင် သူ့နှာခေါင်းကိုပွတ်ပြီး ရှင်းပြလိုက်ပါတယ်။
"မင်းကို ကယ်ခဲ့တဲ့ အမချီယုဆိုရင်လည်း
အုပ်ချုပ်သူခုနှစ်ပါးထဲက တစ်ပါးဖြစ်ပြီး
ခရမ်းမိုးကြိုးနတ်ဘုရားဓါးအရှင်အဖြစ်
လူသိများတယ်လေ!"ချူးယွန် ခနတိတ်ဆိတ်သွားပြီး စဉ်းစားလိုက်ပါတယ်။
ဒီလိုဆိုရင် စီနီယာဟူရီတာ့က
ဓါးသူတော်စင်ဆိုတော့ သူတော်စင်ကိုးပါးထဲက
တစ်ပါးပေါ့... သူအရမ်းကျော်ကြားနေတာ
အံ့ဩစရာမဟုပ်တော့ဘူး။"တန်းယောက်ကျီက ကုန်းဇီဆယ်ပါးထဲမှာ
ရှိနေမှတော့ ဘာပဲဖြစ်ဖြစ် သူ့ကို
လျှော့တွက်လို့တော့မရဘူး!"
ချူးယွန် စိတ်ထဲက မှတ်သားထားလိုက်ပြီလေ။
ကံကောင်းလို့ပဲဖြစ်ဖြစ်၊ အခြားသူတွေ
မပြိုင်ချင်လို့ပဲဖြစ်ဖြစ် အလယ်ပိုင်းဒေသကြီးမှာ သူက နေရာတစ်နေရာတော့ ရထားသူပါပဲ...
CZYTASZ
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Akcjaအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...