အပိုင်း_289_ဘုန်းကြီး

413 40 0
                                    

အပိုင်း_289_ဘုန်းကြီး

"ဘယ်လောက်တောင်သန့်စင်တဲ့ဗုဒ္ဓစွမ်းအင်တွေလဲ!"

"ဗုဒ္ဓစွမ်းအင်? နတ်ဆိုးသားရဲတစ်ကောင်က ဗုဒ္ဓစွမ်းအင်ကိုအသုံးပြုနိုင်တာလား၊ ခင်ဗျားခေါင်းထဲရေတွေပြည့်နေတာလား?"

နတ်ဆိုးသားရဲ၊ ဗုဒ္ဓစွမ်းအင်... ဘယ်လိုဟာသလဲ!"

"ခင်ဗျားတို့တွေငြင်းမနေကြနဲ့... ဒါက သိုင်းပညာရပ်မဖြစ်နိုင်ဘူး... ကျုပ်ကြားဖူးတဲ့အတိုင်းဆိုရင် အချို့နတ်ဆိုးသားရဲတွေက စင်ကြယ်တဲ့သွေးကြောတွေကိုပိုင်ဆိုင်ထားကြပြီးသူတို့မျိုးနွယ်တွေရဲ့ မွေးရာပါစွမ်းရည်တွေကို အသုံးပြုနိုင်ကြတယ်တဲ့"

"မွေးရာပါစွမ်းရည်... ကျုပ်ဒါကိုမေ့သွားတာပဲ"

"ဒါပဲဖြစ်မှာပါ... မဟုတ်ရင် နတ်ဆိုးသားရဲတစ်ကောင်က သိုင်းပညာရပ်တစ်ခုကိုဘယ်လိုသင်နိုင်မှာလဲ?"

သိုင်းပညာရှင်တွေ တစ်ယောက်တစ်ပေါက်ပြောလိုက်ကြတယ်။

"ဒါအိပ်မက်မဟုတ်လား?"
မုတ်ဆိတ်ဝါ မယုံကြည်နိုင်ဟန်နဲ့ သူ့မျက်လုံးတွေကိုပွတ်သပ်လိုက်တယ်။

ထိုသိုင်းပညာရှင်တွေက ဘေးကကြည့်နေကြသူတွေမို့ တိကျစွာမသိကြပေမယ့် သူကတော့သိနေပါတယ်...

ဘယ်လိုလုပ်မွေးရာပါစွမ်းရည်ဖြစ်မှာလဲ၊ ဒါက သောက်ကျိုးနဲသိုင်းပညာရပ်ဟ!

မဟာပညာရှိ ထုတ်ဖော်လိုက်တဲ့လက်ဝါးပုံရိပ်ကြီးက အင်အားပြင်းထန်စွာသွားနေပြီး ဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ လေဟာနယ်ကအက်ကွဲသွားခဲ့ပါတယ်။

သိုင်းပညာရပ်ကိုသိတဲ့နတ်ဆိုးသားရဲဆိုတာက အရင်တုန်းက တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးတဲ့အရာတစ်ခုပါ...

နောက်ဆုံးမှာတော့ နတ်ဆိုးသားရဲက နတ်ဆိုးသားရဲဖြစ်နေဆဲပါပဲ...

သူတို့ကဘယ်လောက်ပဲပါရမီရှိပါစေ၊ဘယ်လိုသွေးမျိုးဆက်ပဲပိုင်ဆိုင်ထားပါစေ၊ နတ်ဆိုးသားရဲတစ်ကောင်ထက်မပိုပါဘူး။

သိုင်းပညာဆိုတာကတော့ လူသားတွေသာလေ့ကျင့်နိုင်ကြတာမဟုတ်လား။
ဒီကိစ္စနဲ့ပတ်သတ်ပြီး သံသယရှိစရာမလိုတော့ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now