အပိုင်း_231_စီနီယာအကိုချူးကျမအကို့ကိုကြိုက်တယ်
ဇီသာသံစဉ်ကို အချိန်တစ်ခုကြာတဲ့အထိ နားထောင်ပြီးနောက်မှာတော့ ချူးယွန် ချီးကျူးပြောဆိုလိုက်တယ်။
"ကောင်းလိုက်တဲ့သီချင်း! နင်ရေးထားတာလား? "ယန်ရှောင်ရှက်ကိုးရှက်ကန်းနဲ့ခေါင်းညိတ်လိုက်တယ်။
"ညီမ မကြာသေးခင်ကမှအတားဆီးတစ်ခုနဲ့တွေ့ပြီး အခုထိ မတိုးတက်နိုင်သေးဘူး"ချူးယွန် ခါးသီးစွာရယ်မောလိုက်တယ်။ဇီသာတီးတာက သူမခံစားချက်တွေကိုထုတ်ဖော်ပြောဆိုတဲ့လုပ်ရပ်မဟုတ်ပေမယ့် သူမရဲ့ခံစားချက်တွေကို စိတ်အားထက်သန်စွာဝန်ခံပြောဆိုလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ!
တီးချက်တစ်ခုစီတိုင်းမှာ သန်မာတဲ့အသိနဲ့အလိုဆန္ဒတွေ ရောနှောပါဝင်နေလို့ပါ။အနည်းဆုံးတေးသွားကိုသိတဲ့လူတိုင်းက သူ့ရဲ့အနက်အဓိပ္ပာယ်ကို သိကြလိမ့်မယ်။
"ဂျူနီယာညီမလေးယန်... ငါ့ကို ခနလောက်ငှားနိုင်မလား?"
ချူးယွန်ပြုံးလိုက်တယ်။ယန်ရှောင်ရဲ့ ဝန်ခံချက်ကို သူလက်မခံပေမယ့် ဒါက သူ့ရဲ့ အတိတ်ကမှတ်ညဏ်အချို့ကို ပြန်လည်သတိရစေခဲ့တယ်။သူ့ရဲ့အရင်ဘဝက ချူးယွန်ဟာ ဇီသာ ၊စစ်တုရင်၊ လက်ရေးလှပညာနဲ့ပန်းချီ စတဲ့ပညာရပ်တွေမှာ ဝါသနာပါပြီး အတော်ကျွမ်းကျင်မှုရှိတယ်လေ။ဇီသာတီးခတ်တဲ့နေရာမှာ ဆရာတစ်ဆူမဟုတ်ပေမယ့် ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်တော့ ကျွမ်းကျင်ပိုင်နှိုင်မှုရှိတယ်။
"အကိုချူး နင်လည်း တီးတတ်တယ်လား?"
ယန်ရှောင်ရဲ့မျက်လုံးလေးတွေက အံ့ဩမှုကြောင့် တဖျတ်ဖျတ်လက်သွားပေမယ့် ပျော်ရွှင်စွာပဲ လွှဲပြောင်းပေးလိုက်ပါတယ်။
"ဒါပေမယ့် ဝိညာဉ်ကီတွေကိုအသုံးပြုပြီးတီးခတ်ရတာက နဲနဲတော့ခက်ခဲတယ်!"ချူးယွန်ခေါင်းညိတ်ပြီး သူကအနည်းငယ်တုန်ခါသွားကာ သူ့စိတ်ထဲရှိ မရေတွက်နိုင်တဲ့ အမှတ်တရတွေကမြင့်တက်လာကာ သူကလည်း တဖြည်းဖြည်းနစ်မြုပ်လာခဲ့ပါပြီ။
"ကလန်!"
ချူးယွန်ရဲ့ တုန်ခါနေတဲ့အသံကိုကြားလိုက်ရတော့ ယန်ရှောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်သွားကာ သူမရဲ့မျက်လုံးလေးတွေက လှုတ်ခတ်သွားခဲ့တယ်။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...