အပိုင်း 322 ဂုဏ်သိက္ခာအတွက်တိုက်ခိုက်မယ်

421 33 2
                                    

အပိုင်း 322 ဂုဏ်သိက္ခာအတွက်တိုက်ခိုက်မယ်

"တင်းမင်ခရဲ့ခွန်အားက အရမ်းကြီးတယ်... ဒါပေမယ့် သူက သိပ်မမြန်ဘူး...ဘယ်သူမဆို သူနဲ့ထိပ်တိုက်ရင်မဆိုင်မိဖို့ပဲ ရွေးချယ်မိလိမ့်မယ်... စီတုပင်ဟဲက စိုးရိမ်စိတ်တွေများပြီး ရန်သူကို ခွန်အားချင်းယှဉ်ဖို့ ကြိုးစားနေတယ်"
ကြိုးကြာဖြူမဟာအကြီးအကဲရဲ့ မျက်လုံးထဲမှာ စိုးရိမ်ပူပန်မှူတွေပြည့်နှက်နေလို့ပါ။

ကျွမ်းကျင်သူများရဲ့တိုက်ပွဲမှာ တစ်စက္ကန့်တိုင်းစီကို သတိထားနေရမှာလေ။နည်းနည်းလေးသတိလွတ်သွားတာနဲ့ ရှုံးနိမ့်သွားရမှာမဟုပ်လား။ဒါကြောင့် တိုက်ပွဲတွေမှာ စိတ်တည်ငြိမ်ဖို့ လိုပါတယ်...

နောက်ပြီး ဝိညာဉ်စွမ်းအင်မြင့်မားဖို့လဲ လိုအပ်ပါသေးတယ်... အင်အားကြီးမားတဲ့တိုက်ခိုက်မှုတွေ လုပ်ရတဲ့အခါ ဝိညာဉ်စွမ်းအင်ကို ပိုအသုံးပြုရတယ်လေ။

ဒါကြောင့် တိုက်ပွဲပိုကြာလာလေ ဝိညာဉ်စွမ်းအင်ပိုကုန်လေပါပဲ... ရက်ပေါင်းများစွာတိုက်ခိုက်ရမယ်ဆိုရင် လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအင်ရော ရုပ်ပိုင်းဆိုင်ရာကိုလဲ ပင်ပန်းစေတာမို့ သာမန်သိုင်းပညာရှင်တွေ မခံနိုင်ကြပါဘူး။

ယုတ္တိနည်းကျပြောရရင် စီတုပင်ဟဲက တိုက်ပွဲအတွေ့အကြုံများစွာရှိတာမို့ သူ့အနေနဲ့ အမှားမလုပ်သင့်ပါ...
ဒါပေမယ့် ဒါက ဖြစ်ပွားခဲ့ပါတယ်...

စီတုပင်ဟဲ ဒီလိုအမှားမျိုးလုပ်မိတာက ဖိအားများစွာခံနေရလို့လား၊ ဒါမှမဟုပ် သူ့နှလုံးသားထဲက အလျင်လိုနေလို့လား!

‌တင်းမင်ခကို ရေခဲလေပြင်းဓါးနဲ့ တိုက်ရိုက်ဆန့်ကျင်တိုက်ခိုက်တာက သေချင်နေလို့လား?

စီတုပင်ဟဲက သူ့ကိုထိပ်တိုက်ရင်ဆိုင်ဖို့ ပြေးလာတာမြင်တော့ တင်းမင်ခ အလွန်စိတ်လှုပ်ရှားသွားပါတယ်။

'မင်းနဲ့ဆက်ဆံရတာ ဒီလောက်လွယ်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး...'

တင်းမင်ခ တွေးပြီးနောက် ရုတ်တရက်တဟုန်ထိုး ပြေးထွက်လာပါပြီ။

သူ့ခန္ဓာကိုယ်က ကြီးမားပေမယ့် အတော်တန်လျင်မြန်နေဆဲပါ...

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Donde viven las historias. Descúbrelo ahora