အပိုင်း_338_ငါသူ့ကိုကာကွယ်မယ်
တန်းဟွာအိုင်းရန် ရုတ်တရက်ပေါ်လာပြီး သူ့လက်ကို ဝေ့ယမ်းကာ ရှောင်ဇူးရဲ့ ရေခဲမြှားတွေကို ဖျက်ဆီးပစ်လိုက်ပါပြီ။လေဟာနယ်တစ်ပြင်လုံးက စွမ်းအင်ပေါက်ကွဲမှုတွေ ပြည့်နှက်နေလို့ပါ။
သိုင်းပညာရှင်များစွာ ဒါကို ထိတ်လန့်စွာနဲ့ ကြည့်လိုက်ကြပါတယ်။
အထွပ်ထိပ်တာအိုသခင်တွေကြားက တိုက်ပွဲဟာ အရင် တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပါဘူး။ဒီနေ့မှာ ဒါကို မြင်တွေ့ခွင့်ရကြတဲ့အတွက် အလွန်ကံကောင်းတယ်လို့ ပြောရမယ်။
"တန်းဟွာအိုင်းရန်... ခင်ဗျား ကျုပ်တို့ ရှောင်ကလန်ရဲ့ကိစ္စကို ဝင်စွတ်ဖက်ရဲတယ်လား!"
တန်းဟွာအိုင်းရန်က သူ့အစီစဉ်ကို ဖျက်ဆီးလိုက်တာမြင်တော့ ရှောင်ဇူး အမြှီးတက်နင်းခံလိုက်ရတဲ့ ကြောင်တစ်ကောင်လို ဆွေ့ဆွေ့ခုန်သွားခဲ့ပြီလေ။
သူပိုပြီး ဒေါသထွက်ရတာက သူ့ကိုယ်သူ တန်းဟွာအိုင်းရန်ရဲ့ ပြိုင်ဘက်မဖြစ်နိုင်တာ သိနေတာကြောင့်ပါ။တစ်ဖက်လူကသာ သူ့ကိုတိုက်ခိုက်ဟန့်တားချင်ရင် သူဒီနေ့အဖို့ ချူးယွန်ကို ဖမ်းဆီးနိုင်မှာ မဟုပ်တော့ဘူးလေ!
ရှောင်ကလန်က ချူးယွန်ကိုသတ်ဖို့ အမိန့်ပေးခဲ့ပေမယ့် ဘယ်သူမှ ရှာမတွေ့ခဲ့ကြပါဘူး။နောက်ဆုံးတော့ အခွင့်ရေးက သူ့ဆီကိုရောက်လာခဲ့ပြီလေ... သူ့လက်ထဲက ပြန်လွတ်ထွက်သွားမှာကို သူဘယ်လို ကြည့်နေနိုင်မှာလဲ?
ယုချွမ် လက်နှစ်ဖက်နောက်ပစ်ပြီး တန်းဟွာအိုင်းရန်ကို ပြောလိုက်ပါတယ်။
"အကြီးအကဲတန်း... ကျုပ်တို့ ခင်ဗျားကိုအမြဲလေးစားခဲ့ပါတယ်... ဒါပေမယ့် ခင်ဗျားက ဆည်းဆာချိန်မြို့တော်မှာ ဒီကောင်လေးကို ကာကွယ်ဖို့ ကြိုးစားနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!
သူက ရှောင်ထျန်းချန်ကိုသတ်ခဲ့တဲ့အတွက် ရှောင်ကလန်က သူ့ကိုသတ်မိန့်ထုတ်ထားတာ ခင်ဗျားမသိဘူးလား?
ခင်ဗျား ရှောင်မိသားစုကို ပွင့်ပွင့်လင်းလင်းဆန့်ကျင်ချင်နေတာလား?"
"ငါ့ခေါင်းပေါ်က ဦးထုပ်ကြီးကို ယူသွားခွင့်မပြုဘူး!"
CZYTASZ
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Akcjaအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...