အပိုင်း_374_ဒီနေ့မင်းကိုအရှက်ပြန်ခွဲမယ်
ဒါက တန်းဇိရှန်းရဲ့ပုံစံပါပဲ...
သူမက စကားပြောတဲ့အခါ ဘယ်တော့မှမလိမ်ဘူး။
သူမက သွေးဆက်နွယ်သူအကုန်လုံးကိုသတ်မယ်ဆိုရင် တစ်ကယ်သတ်ပါလိမ့်မယ်...
သူမမှာ အခုလုပ်နိုင်စွမ်းမရှိသေးရင်တောင် အနာဂါတ်မှာ သူမရဲ့ရည်မှန်းချက်အောင်မြင်ဖို့ကြိုးစားနေဦးမှာပါ။
တိုင်ဂန်တိုက်ကြီးရဲ့ ထိပ်တန်းအဆင့် ကောင်းကင်အဆင့်ခုနှစ်သိုင်းဝိညာဉ်ပိုင်ဆိုင်ထားသူရဲ့ စကားတွေကို ဘယ်သူက သံသယဝင်ရဲမှာလဲ?
"စည်းမျဉ်းတွေကိုဖော်ဖျက်မိရင်လား? ငါဟာသပြောနေတယ်လို့ထင်ရင် နင်စမ်းကြည့်ပေါ့!"
သူမရဲ့မျက်နှာအမူရာက အပြောင်းလဲမရှိိပါဘူး... ဒါပေမယ့် သူမကိုယ်ကထွက်ပေါ်လာတဲ့ အော်ရာတွေက အရာအားလုံးကိုဖိနှိမ်နေသလိုထင်ရပြီး ခန်းမထဲရှိလူအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေပါတယ်။"တစ်ကယ်လို့ တန်းဟွာရန်က စင်မြင့်ပေါ်မှာသေသွားရင်တောင် ဒါက သူ့ရဲ့အမှားပဲ... အဲတာငါနဲ့ဘာဆိုင်လို့လဲ? ယိကျီနဲ့ရော ဘယ်လိုပတ်သတ်လို့လဲ?"
တန်းယောက်ကျီ အံကြိတ်လိုက်တယ်။"ဒါက မိသားစုပြိုင်ပွဲဖြစ်သလို ပြိုင်ပွဲဝင်တာက သူ့ရဲ့ရွေးချယ်မှုပဲ... မိသားစုစည်းမျဉ်းတွေကိုလေးစားတဲ့အတွက်လည်း ပြိုင်ပွဲကို ငါဝင်စွတ်ဖက်မှာမဟုပ်ဘူး!"
တန်းဇီရှန်းရဲ့မျက်လုံးတွေက ကြည်လင်နေပြီး ပြောလိုက်တယ်။"ဒါပေမယ့် သူက ငါ့မောင်ပဲ... သူသေရင် ငါသူ့အတွက် လက်စားချေရမယ်... ဒါက ရိုးရိုးလေးပဲ... နားမလည်စရာမရှိဘူး"
ပြောပြီးတာနဲ့ တန်းဇီရှန်း နဂါးတိုက်ပွဲစင်မြင့်ကိုအာရုံစိုက်လိုက်ပါပြီ။ခန်းမတစ်ခုလုံးကတော့ တိတ်ဆိတ်နေလို့ပါ...
ဘယ်စကားသံမှထွက်မလာခဲ့ပါဘူး။
တန်းယောက်ကျီ အံကြိတ်လိုက်ပြီလေ... သူ့ရင်ဘက်က ဖားဖိုတစ်ခုလိုလှုပ်ရှားနေလို့ပါ... သူအရမ်းဒေါသထွက်နေပေမယ့် သူလည်း ဘာမှမပြောဝံ့ခဲ့ပါဘူး။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...